Ep-1

40 6 0
                                    

"အကို ဆော့ဂျင်!!"

အမလေးမြတ်စွာဘုရား ဆော့ဂျင် ငါကအချောပါလား

"လန့်လိုက်တာ ဂျီမင်းရာ ဘယ်လိုဖြစ်လို့အော်ရတာတုန်းကွ "

"ဂျောင်းကု ဒီနေ့အတန်းမတက်ဘူးလား"

"မတက်လောက်ဘူးထင်တယ် မနေ့က မတက်ဘူးလို့ပြောသံကြားတယ်ကွ"

"ဟင်းး...ဒီကောင်ကွာ လုပ်ရက်တယ် ကျတော့်မှာတော့သူ့ကိုအားကိုးပြီး ‌ဒီနေ့ကျောင်း လာတတ်ရတာ"

"ဘာလို့တုန်းကွ"

"ဒီနေ့ စာမေးမှာလေ အကိုဂျင် မသိဘူးလား"

"အေး...မသိဘူးကွ ။ထားပါ မနှစ်ကကျက်ထားတဲ့စာလေးတေ‌မှတ်မိတေးတယ်ကွ"

"အကို ဒီနေ့ကျတော်နဲ့လာထိုင်နော်"

"ဘာလို့"

"စာတိုင်ပင်ပြီးရေးကြမယ်လေ"

ကူးချမယ်ဆိုလည်း ကူးချမယ်ပေါ့ ဘာလည်းတိုင်ပင်‌ကြမယ်တဲ့ ပတ်ဂျီမင်းတို့ပြီးရင် အကိုဂျင် လက်ကလေးခဏဖယ်အူးဆိုပြီးအကုန်ကူးမယ့်သူကများ

"အေးပါကွာ...ဒါနဲ့ ဘယ်လည်းမင်းက"

"ကျောင်းပတ်မယ်လေ ပျင်းလို့"

"အေးကောင်းတယ်သွားမယ်"

"ဒါနဲ့ဂျီမင်း ,မင်းသိပြီးပြီလား ငါတို့ဂီတမေဂျာကို ကျောင်းသားအသစ်ရောက်မယ်တဲ့"

"အင်းကြားတယ် အမကြီး တို့တေပြောနေတာ ကြားလိုက်တယ်"

အမကြီးတို့? ဟုတ်ပါတယ် အမကြီးတို့ ဆိုတာ အတန်းထဲကမိန်းကလေးတေကို ကျတော်တို့မေဂျာကအတန်းပိုင်နဲ့ ကျတော်တို့ ခေါ်တဲ့ နမည်ပြောင်ပါ ယောကျာ်းလေးတေကိုတော့ 'အကိုကြီးတို့လို့'ပြန်ခေါ်တာပေါ့ဗျာ

_________________________________________

"ဟျောင့်တေ"

"အကိုဟိုဆော့ ရောက်ပြီလား"

"အေး အခုပဲ ငါကမင်းတို့ကိုလိုက်ရှာနေတာကွ ဘယ်တွေသွားသဝေထိုးနေတာလည်းကွ"

"ပျင်းလို့ ကျောင်းပတ်နေတာ"

"ဒါနဲ့မင်းတို့သိပြီးပြီလား ကျောင်းသားအသစ်ရောက်တာလေ"

"အင်းသိပြီးပြီ အမကြီးတို့ ပြောတာကြားတယ်"

"ကျောင်းသားအသစ်ကို တွေ့ဖူးတယ် သူက စာကြည့်တိုက်မှုးရဲ့သားကွ"

'အကိုကြီးတို့ ကျောင်းသားအသစ်ကချောလား'

ဘယ်ကတည်းကနားထောင်နေမှန်းမသိတဲ့ အမကြီးတို့ တစ်သိုက် သေချာတယ် သူတို့တွေ လိုက်ကြွားတော့မယ်ဆိုတာ ငါတို့မေဂျာက ကျောင်းသားအသစ်ကဘယ်လိုချောတာ ဘာညာ နဲ့

"အေး ငါလည်းအမှတ်တမဲ့ပဲ တွေ့ လိုက်တာ ချောတာတော့သေချာတယ်"

'ကျေနပ်ပြီ ဒါဆိုသွားပြီ အကိုကြီးတို့'

"အေးအေး"

"ဟိုဆော့ "

"ဗျာ အကိုဂျင်"

"ဟောင်နှစ်ကို ရော"

"နမ်းဂျွန် နဲ့ ယွန်းဂီလား "

"အေး"

"သူတို့ Fresher Welcome အတွက် အလုပ်ရှုပ်နေတယ်"

"အေး...နမ်းဂျွန်တော့ အခုလောက်ဆို မင်ယွန်းဂီရဲ့အဆဲကိုအ‌တော်ခံနေ‌ရလောက်ပြီ "

"ဟုတ်မယ် ...ဟုတ်မယ် ကောင်းကောင်းမအိပ်ရဘူးဆိုပြီး လေ"

"အကိုတို့ ကျတော်အိပ်အူးမယ် အတန်းချိန်လည်းလိုတေးတာပဲ"

"အေးအေး"

တစိတ် အကိုတို့ကကျတော်ထက်အသက်ကြီးတယ်ဗျ အတန်းရောပဲ ဒါမယ့်သူတို့ကတစ်နှစ်ကျသွားတော့ ကျတော်တို့နဲ့တူသွားတာဗျ ဘာလို့ကျတာလည်းဆိုတော့ ကျတော် ၊ ဂျောင်းကု နဲ့အတူ တစ်ခန်းထဲမှာတူတူတက်ချင်လို့တဲ့ ။

အကိုတို့နှစ်ယောက်ရဲ့ စကားပြောသံတွေကို လစ်လျှူရှု့ကာ အိမ်မက်ကမ္ဘာဆီသို မရောက်တစ်ရောက်

"ဂျီမင်း...ဂျီမင်း ထအုံး ကျောင်းသားအသစ်ကောက်နေပြီ"

နေပါအုန်း..ကျောင်းသားအသစ်ရောက်တာ ငါနဲ့ဘာဆိုင်လို့ အိပ်နေတာကို ခေါ်နိုးနေရတာလည်း အိပ်နေရင် ခေါ်နိုးတာလောက်စိတ်အချဉ်ပေါက်တာမရှိဘူး အသံကိုလည်ချောင်းမှာစုကာ အကိုဟိုဆော့ကို အသားကုန်အော်ရန် ခေါင်းအထောင်

"ဟင်"

အော်ဖို့ခဲထားတဲ့ လည်ချောင်းထဲကအသံတေက အစာအိမ်ထဲရောက်သွားသလိုလို တရားခံကား"သူ" ,
ရင်းနှီးနေတယ် မျက်လုံး ၊ နှာခေါင်း ၊ နှုတ်ခမ်း ၊ သေချာတယ် "သူ" မှ "သူ" အစစ်ပါ။ အိုဘရားသခင်!! သူဟာ ကျတော့်ရဲ့ အတိတ်နှောင်း က အရိပ်ဟောင်း လေးလား။

________________________________________

Accident From My Heart [ Vmin ]Where stories live. Discover now