✍️ Unicode
💕 မင်း
----------------
" ရော့ဒီမှာစာချုပ်… ဒီနေရာမှာလက်မှတ်ထိုး… "
ကွန်ဒိုတိုက်ခန်းဝယ်တဲ့စာချုပ်ကိုချပေးလိုက်တော့ အဖိုးကြီးပေါက်စကဝမ်းသာအားရလှမ်းယူပြီး စာချုပ်ကိုဖတ်လို့နေသည်။
" ကျွန်တော့်ဆိုင်ကယ်ရောင်းတာရယ်… အစ်ကိုစုထားတဲ့ပိုက်ဆံရယ်ပေါင်းပြီး သိန်းနှစ်ရာ့ငါးဆယ် စရံပေးထားခဲ့တယ်… ကျွန်တော့်သူငယ်ချင်းက ကျန်တာကိုနောက်မှအေးအေးဆေးဆေးပေးလည်းရတယ်တဲ့…… "
အဖိုးကြီးပေါက်စပြုံးတာကိုမြင်လိုက်ပေမဲ့ ကွန်ဒိုဝယ်ရလို့ ဝမ်းသာတာနေမှာပါလေဆိုတဲ့အတွေးနဲ့ ထပ်မမေးမိ။
စာချုပ်မှာလက်မှတ်ထိုးရင်း စာချုပ်နဲ့တွဲထားတဲ့ ဝင်ငွေကျန်ငွေစာရင်းစာရွက်ကို သေချာဖတ်နေသေးတဲ့ အဖိုးကြီးပေါက်စက ထွဋ်ခေါင်ဘက်ရုတ်တရက်လှည့်ကာ
" စာချုပ်မှာနာမည်က မင်းနာမည်ကော ငါ့နာမည်ကော နှစ်ခုကြီးပါလား… "
" အင်းလေ… ကျွန်တော့်ပိုက်ဆံကောပါသေးတာကို… တော်နေကြာအစ်ကိုက ငါ့နာမည်နဲ့ဝယ်ထားတာ အခုဆင်းဆိုကျွန်တော်ကဒုက္ခရောက်သွားမှာပေါ့…… "
" မဟုတ်တာလုပ်ရင် ဆင်းခိုင်းမှာ… "
" ဟဲဟဲ သိတယ်လေ… ဒါ့ကြောင့် ကျွန်တော့နာမည်ကောထည့်ထားတာ… "
" ငါပိုက်ဆံစေ့ရင် မင်းငွေတွေပြန်အမ်းပြီး ငါ့နာမည်နဲ့စာချုပ်အသစ်ပြန်ချုပ်မှာ…… "
" သဘောလေ… အဲ့ဒီအခါကြလုပ်ချင်လုပ်ပေါ့… အခုတော့မရသေးဘူး… ဟဲဟဲ… စကားမစပ် ဒီနေ့တော့အပြင်မှာသွားစားရအောင် နော်… နော်လို့…… "
" အမ်… ဘာမှလည်းမဆိုင်ဘူး… အလကားသက်သက်ငွေကုန်အောင်လို့… "
" အစ်ကိုဆရာကလဲ အပြင်စာတွေမစားရတာကြာပြီလေ… ပြီးတော့ဒီနေ့က ကွန်ဒိုဝယ်တဲ့အထိမ်းအမှတ်လေ နော်နော်…… "
" အိမ်မှာ ထမင်းဟင်းတွေရှိနေတာပဲကို… "
" အဲဒါက မနက်ဖြန်မနက်ကြမှ ကြော်စားရအောင်လေ… အခုညစာတော့အပြင်မှာသွားရအောင်လို့နော်… ကျွန်တော့်မှာ နေ့ရောညရောစာတွေဖတ်ရတာ အရမ်းပင်ပန်းတာပဲကို…… "
YOU ARE READING
💕 မင်း
Romanceအရမ်းချစ်တာ နဲ့ အရမ်းမုန်းတာရဲ့ကြားမှာ....အလွယ်တကူပေါက်ထွက်သွားနိုင်တဲ့ အလွှာပါးပါးလေးတစ်ချပ်ပဲရှိတယ်။ ဒါ့ကြောင့် အရမ်းချစ်နေမိရာက.... အရမ်းမုန်းသွားတတ်ကြသလို.... အရမ်းမုန်းတယ်ဆိုပြီးတော့လည်း.... အရမ်းချစ်သွားတတ်ကြတယ်။ ★★★★★★★★ အရမ်းချစ်တာ နဲ့ အရမ်း...
