✍️ Unicode
💕 မင်း
----------------
" တိန်… "
ဖုန်းထဲကမက်ဆေ့အသံကြောင့် ဖုန်းကိုဖွင့်လိုက်သည်။
" အစ်ကိုအခန်းကိုပြန်မလာသေးဘူးလား… "
ထွဋ်ခေါင်ဆီကမက်ဆေ့။ဖုန်းဆက်တော့လဲမကိုင်ဘဲထားတာမို့ နေ့စဉ်နေ့တိုင်း မက်ဆေ့ကိုတတိန်တိန်ပို့နေခြင်းပင်ဖြစ်သည်။
" ညစာထမင်းပေါင်းစားမလား… "
ဖုန်းကိုပါဝါပိတ်လိုက်ကာ အခန်းအပြင်ဘက်ထွက်ခဲ့တော့ ထွဋ်ခေါင်က ထမင်းစားပွဲမှာ မမကိုဟင်းချက်ကူနေသည်။
" ဒီမှာ… သားငယ်ဖို့ထမင်းပေါင်းလာလုပ်ပေးတာတဲ့… "
" ဒါများမက်ဆေ့တတိန်တိန်ပို့နေသေးတယ်… "
" အစ်ကိုပြန်မလာသေးဘူးလား… အခန်းထဲမှာပစ္စည်းတွေဒီအတိုင်းထားထားရတာ… "
" ဘာပစ္စည်းတွေလဲ… "
" ရေခဲသေတ္တာ… အဲယားကွန်း… ဆက်တီ… ပြီးတော့ ကုတင်ကော… "
" မင်းဟာမင်း ဝယ်ထားတာမို့လား… "
" မဟုတ်ပါဘူးဗျ… မမ ဝယ်ပေးတာပါ… မမ အစ်ကို့ကိုကူပြောပေးဦးလေ… "
မမဝယ်ပေးတာလို့ပြောပေမဲ့ ထွဋ်ခေါင်အမေဝယ်ပေးတာပဲဖြစ်လိမ့်မည်။အိမ်တက်ဆွမ်းကျွေးတဲ့နေ့ကဝယ်ပေးချင်တယ်လို့ပြောသွားခဲ့တာမလား။
" ဟုတ်ပါတယ် သားငယ်ရဲ့… သားငယ်က ကြမ်းပြင်ပေါ်အိပ်မယ်လို့ပြောတယ်ဆို ရေရှည်ကြဘယ်ကောင်းမလဲ… "
" ဒါဆို သားငယ်ကကုတင်တစ်လုံးတည်း သူနဲ့အိပ်ရမှာလား… "
" မဟုတ်ပါဘူး… အစ်ကိုကကုတင်တစ်လုံးတည်းမအိပ်ချင်ဘူးလို့ ပြောတယ်ဆိုပြီး မောင်လေးထွဋ်ခေါင်ကပြောလို့ နှစ်လုံးဝယ်ထားတာပါရှင့်… ဒါပေမဲ့ ကုတင်ကကြီးတော့ နှစ်ယောက်အိပ်ရင်လည်းအဆင်ပြေမှာပါ… "
" မအိပ်ချင်ပါဘူး… "
" သားငယ်သဘောပါတော်… "
" အစ်ကိုကဘယ်နေ့ပြန်လာမှာလဲ… နေလဲကောင်းပြီ… မနက်ဖြန်တနင်္ဂနွေဆိုတော့ သန်ဘက်ခါဆိုစာသင်ရတော့မှာ… ဒီမှာနေတာလဲ ငါးရက်ခြောက်ရက်ရှိနေပြီကို… "
YOU ARE READING
💕 မင်း
Romanceအရမ်းချစ်တာ နဲ့ အရမ်းမုန်းတာရဲ့ကြားမှာ....အလွယ်တကူပေါက်ထွက်သွားနိုင်တဲ့ အလွှာပါးပါးလေးတစ်ချပ်ပဲရှိတယ်။ ဒါ့ကြောင့် အရမ်းချစ်နေမိရာက.... အရမ်းမုန်းသွားတတ်ကြသလို.... အရမ်းမုန်းတယ်ဆိုပြီးတော့လည်း.... အရမ်းချစ်သွားတတ်ကြတယ်။ ★★★★★★★★ အရမ်းချစ်တာ နဲ့ အရမ်း...
