senior ep 4

10.7K 1.1K 32
                                    

Senior ep 4

       ညနေကျရင် စီနီယာဆီသွားရမှာမို့ရင်ခုန်ရသည်... စီနီယာ ကိုသဘောကျသည် ... မဟုတ်ဘူး အဲ့ထက်ပိုသည်... တကယ်တမ်းပြောရရင် မြင်မြင်ချင်းအချစ်ဆိုတာ စီနီယာ နဲ့ မှ ဖြစ်လာတာ အရင်က ထယ်ယောင်းဆိုတာ ယောင်္ကျားလေးချင်းမပြောနဲ့ မိန်းကလေးတောင် စိတ်မဝင်စားတဲ့အကောင် အခုတော့ ...

"ထယ် ဘယ်သူနဲ့သင်မှာလဲမင်းက ငါကတော့ ငါ့ရဲ့ အချစ်ဆုံးကြီးနဲ့သင်မှာ "

"ဟိုကမင်းကိုလက်ခံမှာတဲ့လား "

"မင်းပါစပ်ပုတ်ကြီးနဲ့မပြောစမ်းနဲ့ "

"နောက်တစ်ချိန်တွေရတော့မယ် ရင်ခုန်လိုက်တာ "

"ရင်ခုန်ပြီးအဲ့မှာသေနေလိုက်တော့ "

           သူလဲအဲ့လိုပြောရော ချက်ချင်းစားပွဲခုံ ပေါ်မောက်ပြီးသေချင်ယောင်ဆောင်နေသည် ... တကယ်မနိုင်စိန် ...

            တစ်ဖြေးဖြေးနဲ့ ‌စီနီယာနဲ့တွေ့ဖို့အချိန်တောင် ရောက်နေပြီ စီနီယာရှိရာကို သွားဖို့ ခြေလမ်းတွေကပြောစရာမလို သူ့ဘာသာရွေးနေလေသည် .. Basketballကွင်းထဲလဲရောက်ရော စီနီယာဘေးမှာ ကောင်မလေးတွေ ကျွန်တော်လဲ မြင်ရော ကျွန်တော့်ကိုလက်ညိုးပြပြီး ကျွန်တော်ဆီပြေးလာရော...

           ကွင်းထဲမှာပေါက်စလာတာစောင့်နေတာ ပေါက်စက မလာဘဲ ကောင်မလေးတွေက ရောက်လာပြီး...

"စီနီယာ jungkook ညီမ နည်းပြလုပ်ပါ "

"ညီမဆီမှာလုပ်ပါ "

"ပြောထားတဲ့သူမရှိဘူးမလား "

               စသည်ဖြင့်.. ဟိုးဘက်လှမ်းကြည့်ကော ပေါက်စက မျက်နှာငယ်နဲ့သူ့ကိုကြည့်နေတယ် ကျွန်တော်လဲ..

"အားနာပါတယ် ထယ်ကငါ့ကိုအရင်ပြောထားမို့ "
  
                ဆိုပြီး ထယ့်ကိုလက်ညိုးထိုးပြပြီး ပြေးထွက်လာခဲ့သည် အနောက်မှာတော့ ကောင်မလေးတွေက ‌သူအရမ်းကံကောင်းတယ် ဘာညာ နဲ့ပြောသံတွေကြား‌ရသည်..

"ထယ်ကြာလိုက်တာ"

"ကျွန်တော် အတန်းချိန်ပြီးပြီးချင်းဘဲထွက်လာတာ‌ "

ˢᴱᴺᴵᴼᴿ (completed) Donde viven las historias. Descúbrelo ahora