senior ep 5

10.3K 1K 83
                                    

Senior ep 5

       Taeတို့နေခင်း မုန့်စားဆင်းချိန် အခန်းထဲမှ ထွက်တော့ Yuri မက ဘယ်ချိန်ထဲကရောက်နေလဲမသိ ..

"ဟဲ့နင်ဘယ်ချိန်ကရောက်နေတာလဲ "

"ခုနက ငါပြောစရာရှိလို့အပြေးလာတာ ငါအရမ်းတွေပျော်နေတာ "

"စကားကိုလူလိုပြောဟဲ့ "

"ဟဲ့ သောက်ဂျပု ငါကလဲ အခုလူလိုပြောနေတာလေ နင်နားမလည်ရင် နင်ကခွေးဘဲ"

"ဟာ... မင်းတို့နှစ်ကောင်ရန်ဘဲဖြစ်နေတာဘဲ ကြာရင် နှစ်ယောက်သားညားတော့မယ် "

"အဟုတ်ရေ... ဆုတောင်းလေ သူ့လိုလူကိုကြိုက်စရာလား "

"ငါကလဲ ငါ့မျက်မေးလေးဘဲကြိုက်တာပါနော် Yuri စကားဆင်‌ခြင်ပြေ "

"တော်ကြာပါတော့ လာ ကန်တင်းသွားမယ် ရောက်မှ ငါ့ကို ဘာကြောင့်ပျော်နေတာလဲဆိုတာ ပြောပြ"

         Taeပြောမှ တစ်ယောက်နဲ့တစ်ယောက်မျက်စောင်း ထိုးကာ ကန်တငိးသို့ထွက်လာကြသည် .... ကန်တင်းရောက်‌ရော မုန့်တွေမှာပြီး ခုနကစကားကိုပြန်ဆက်နေတဲ့ Yuri

"Tae နင်သိပြီးပြီလား နင့် fan page ရှိတယ်ဆိုတာ "

"ဟင့်အင်းငါက ဆယ်လီမှမဟုတ်တာ ရူးနေလို့လား "

"‌ ဆယ်လီမဟုတ်လဲ နငိက ဆယ်လီနဲ့ ship နေတဲ့ကောင်လေးလေ "

"ဟမ် ငါနားမလည်ဘူး"

"ဒီလိုဟာ နင်နဲ့ ငါ့အကိုကို တစ်ကျောင်းလုံးနီးပါးက ship နေတာ ဒီမေဂျာတင်မဟုတ်ဘုး တစ်ခြားမေဂျာတွေကကော မနေ့ကညနေမှ ဖွင့်တဲ့ နင်တို့ page ကအခုဆို followers 4000 ကျော်သွားပြီ တစ်ခြားကျောင်းက ကောင်မတွေလဲပါတယ် "

"တကယ်လား"

"မယုံရင်ကြည့် ငါတောင် fan chat ထဲဝင်ထားသေးတယ် "

         Taeလဲ yuri ပေးတဲ့ဖုန်းကိုယူကြည့်လိုက်တယ် Jimin နဲ့ Hoseok ကပါစက်စုစိန်လာလုပ်ပြီး ကြည့်နေတယ်
          ဖုန်းထဲက စာတွေကတော့

*ဟဲ့ ငါလေ သူတို့နှစ်ယောက်ကိုသဘောတူတယ် *

*နင်ကမသိလို့ ငါတို့ကညနေက သွားပြောတာလေ အဲ့တာကို သူ့ကောင်လေးရဲ့ နည်းပြဘဲလုပ်မှာတဲ့ *

ˢᴱᴺᴵᴼᴿ (completed) Where stories live. Discover now