senior 10

7.7K 789 46
                                    

Senior ep 10

       တစ်ချို့လူတွေကတော့ မနက်စောစော ရွာထဲပတ်ဖို့ ထွက်သွားကြသည်.. ဂျောင်ကုကတော့ ထယ်မနိုးသေးသောကြောင့် စာအုပ်ထိုင်ဖတ်နေသည် ‌သူ့ကောင်လေးအားမနိုးရက်ပါ သူ့ကောင်လေးပင်ပန်းထား သည့် အတွက်ကြောင့် မနိုးဘဲ နိုးတဲ့ချိန်ထိစောင့်နေလိုက် သည်...

"‌ကိုကို ဂျီမင်တို့ကော "

"ထယ်နိုးပြီလား သူတို့က ထွက်သွားကြပြီ "

"ထယ်ကိုမနိုးဘဲနဲ့ "

"ထယ်အိပ်နေတာမနိုးရက်လို့ ... ခြေထောက်က သက်သာရဲ့လား"

"အွန်း သက်သာတယ် နဲနဲဘဲနာတော့တာ ... "

"အဲ့တာဆိုထမျက်နှာသစ် ရေသွားချိုးပြီးရင် မနက်စာစားပြီးတာနဲ့ ထယ်သွားချင်တဲ့နေရာလိုက်ပို့မယ် "

"တကယ်နော် ခနစောင့် ထယ်ရေချိုးလိုက်အုံးမယ် "

"ကိုယ်ရေချိုးခန်းထိပို့ပေးရမလား"

"ရတယ် ထယ်ဖြေးဖြေးချင်းလျှောက်သွားလိုက်မယ် ထယ့်အတွက်သာ မုန့်ပြင်ထား "

"အိုကေပါ "

           ထို့သို့ပြောပြီး ရေချိုးခန်းထဲ ဝင်သွားတဲ့ ထယ် ... ထိုအခါမှ သူလဲ ဟင်းချက်တဲ့နေရာသွားပြီး ထယ့် အတွက်‌ပေါင်မုန့်ကြက်ဥကြော်နဲ့ စတော်ဘယ်ရီဖျော်ရည်လေးလုပ်ပေးနေသည်... (သူတို့နေတဲ့နေရာက အဲ့ရွာရဲ့သူဌေးအိမ်ပါ ပြီးတော့ သူတို့ အတွက် ဟင်းချက်ဖို့ နေရာမှာ ပစ္စည်းတွေလဲဝယ်ပေးထားပါတယ် ကိုယ့်ဘာသာရေးပြီး ဒါဒါတွေနားမလည်မှာဆိုးလို့ပါ )

"ထယ်ပြီးပြီလားရော့ ဒါလေးစားလိုက် "

"ထယ်အကြိုက်ဘဲ "

"အွန်းထယ်စားပြီးမှ သွားမယ်.."

          ထယ်စားတာစောင့်ပြီး ထယ်လဲစားပြီးရော သူတို့နှစ်ယောက်ထွက်လာခဲ့လိုက်သည်... ပန်းခင်းကြီးလဲရောက်ရော... ထယ်တစ်ယောက်အပြေးထွက်သွားလေသည်... ဂျောင်ကုကနောက်ကနေပြေးလိုက်ပြီး

"ထယ်အရမ်းမပြေးနဲ့လေ ခြေထောက်နာနေတယ်မလား "

"ထယ်ခြေထောက်‌နာနေတာတောင် မေ့သွားတယ် "

ˢᴱᴺᴵᴼᴿ (completed) Where stories live. Discover now