Part 4(Uni+Zaw)

1.3K 135 5
                                    

ကမ္ဘာတည်​သ၍ ချစ်နေမယ်
Part 4(Uni)


ရှောင်ကျန့်ရဲ့ လျင်မြန်သောအကြည့်က အနောက်ကသူစီ ကျရောက်သွားတယ်။ ချက်ချင်းဆိုသလို အမဲရောင်ဝတ်ဆင်ထားသောထိုသူက တိုက်အမြင့်ပေါ်ကနေ ရှောင်ကျန့်မျက်နှာရှေ့ကို တန်းရောက်လာခဲ့တယ်။ ရှောင်ကျန့်လဲ မျက်တောင်မခတ်ဘဲ စိုင်ကြည့်နေခဲ့တယ်။ သာမာန်လူဆို သူ့အကြည့်နဲ့တင် မေ့လဲသွားနိုင်တယ်။ ရှောင်ကျန့်က တစ်ခွန်းဘဲ ပြတ်သားစွာပြောလိုက်တယ်။

"မင်းက သမားတော်ဂူမလား"

"ဟားဟားဟား နှစ်ရှစ်ရာကြာတာတောင် ငါ့ကို မှတ်မိနေပေးလို့ ကျေးဇူးဘဲ"

"ခင်ဗျားကို သတ်ဖို့စောင့်နေတာလေ"

"ဟားဟား ကိုယ့်ကိိုကို အထင်သိပ်မကြီး သင့်ဘူး "

"စောင့်ကြည့်လေ"

ပြောပြီးတာနဲ့ ရှောင်ကျန့်စတင်တိုက်ခိုက်လေသည်။ ချွန်ထက်သော လက်သည်း များနဲ့ ရစ်တာက ပြန်တိုက်ခိုက်လေသည်။ ရစ်တာက ရှောင်ကျန့် နှလုံးရှိရာကို လက်သည်းနဲ့ ကုတ်ဖို့ရွယ်တုန်း ရှောင်ကျန့်က လျှင်မြန်စွာရှောင်ရှားခဲ့တယ်။ မဟုတ်ရင် သူ့နှလုံး ပေါက်ပြဲသွားနိုင်တယ်။ ရစ်တာကပြုံးရင် ပိုပြီး အစွမ်းကို သုံးလာတယ်။ဘာဘဲပြောပြော ရှောင်ကျန့်ထက်သူက စွမ်းအားပိုကြီးလေသည်။

ရှောင်ကျန့်ကတော့ လျင်မြန်သောနှုန်းနဲ့ ရစ်တာရဲ့ လက်မောင်းကို ကုတ်လိုက်ရာ သွေးတွေ တစ်တောက်တောက် စီးကျလာသည်။

"ကောင်လေး မင်း တိုးတက်လာသားဘဲ"

ပြောပြီးတာနဲ့ ရှောင်ကျန့်ရင်ဘက်ကို ကန်လိုက်လေသည်။ ရှောင်ကျန့်လဲ အနဲငယ်လွှင့်ထွက်သွားသည်။ ဘေးမှာ ကြည့်နေတဲ့ မိုင်ကယ်လဲ ရှောင်ကျန့်ရှေ့က ကာပြီး ရစ်တာကို စိုက်ကြည့်နေလိုက်တယ်။

"ငါ့သူငယ်ချင်းကို ထိဖို့ မကျန်နဲ့"

"ဟားဟား အပြောကြီးတာ"

မိုင်ကယ်လဲ စတင်တိုခိုက်လေသည်။ ရစ်တာက တစ်ချက်တည်းနဲ့ မိုင်ကယ်ရဲ့ မျက်နှာကို ခြေထောက်ဖြင့် ကန်လိုက်သည်။ မိုင်ကယ်မျက်နှာမှာ အညိုမဲဆွဲသွားသည်။ မိုင်ကယ်ကတော့ ရပ်တန့်မသွားဘဲ ဆက်တိုက်ခိုက်နေသည်။

Love poison S2 ကမ္ဘာတည်​သ၍ချစ်နေမယ်(Complete)Where stories live. Discover now