Part 6(Uni+Zaw)

1.3K 130 3
                                    

ကမ္ဘာတည်​သ၍ ချစ်နေမယ်
Part 6(Uni)

ဆုရီ ကတော့ တော်တော်လေးကို ဒေါသထွက်ကာ ထိုင်ရက်ကတောင် ထမလာနိုင်ပါ။ ရီပေါ်ကတော့ သူ့ရှေ့ကနေ ကွယ်ပေးထားတဲ့ ရှောင်ကျန့်ကို ကြည့်ကာ ပြုံးနေမိသည်။ ရေခဲလူသားလေးက သူ့ဘက်ကနေပြီး ပြောပေးတာကြောင့်။ ရှောင်ကျန့်က ရီပေါ့်လက်ကို ဆွဲကာ ဆုရီကို ကျောခိုင်းကာ ထွက်သွားလေသည်။ ဆုရီရဲ့ သူငယ်ချင်းနှစ်ယောက်လဲ ရောက်လာပြီး ထိုင်နေတဲ့ ဆုရီကို ထူပေးလိုက်ကြသည်။ ဆုရီကတော့ ရီပေါ်ကို ကျိန်ဆဲလေသည်။

"တွေ့ကြသေးတာပေါ့ ရီပေါ် "

ရီပေါ်နဲ့ရှောင်ကျန့်က ကျောင်းရဲ့အပေါ်ဆုံးတက်မှာ နှစ်ယောက်သား စကားမဆိုဘဲ တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်။ ခဏကြာတော့ ရီပေါ်ကဘဲ စကားစလိုက်သည်။

"ကျေးဇူးပါ ငါ့ဘက်က ပါပေးလို့ ဟီး"

".........."

"တကယ်ဆို မပါလဲ ရပါတယ် ငါ့ဘာသာ ဖြေရှင်းနိုင်တယ် ဒါနဲ့ ဘာလို့ ငါ့ဘက်ကဘာတာလဲ"

".........."

"အားရားးး ရှောင်ကျန့် မင်းမှာ ပါးစပ်မပါဘူးလား"

ရီပေါ်က ခပ်ချွဲချွဲ အသံနဲ့ ပြောလိုက်တော့ ရှောင်ကျန့်လဲ ချောင်းဟန့်ကာ စကားလမ်းကြောင်းလွှဲ လိုက်လေသည်။ တကယ်တော့ သူ့စိတ်ကို သူလဲ မသိပါ။ သူက ရီလေးနဲ့ ရုပ်တူလို့လား။ သူစိတ်ဝင်စားမိနေတာက။ ဒါပေမဲ့ သူက ရီလေးအပေါ် သစ္စာမဖောက်ချင်ပါ။ ရီလေးကြောင့်သာ သာအသက်ရှင်နေတာ။ သု့ဘဝမှာ ရီလေးတစ်ယောက်လဲ ချစ်မယ်လို့ သစ္စာပြုထားတယ်။

"အဟမ်း နောက်တစ်ချိန်အတန်းစတော့မှာဘဲ သွားကြစို့"

"ဘာလို့စကားလွှဲသွားတာလဲ ....ဘာလို့ ငါ့ကို ကူတာလဲ ဟမ်....ဟမ်... ဖြေလေ"

ရှောင်ကျန့်လဲ အနားကနေကပ်ကာ တစ်ပူပူလုပ်နေတဲ့ရီပေါ့်ကို မသိချင်ယောင်ဆောင်ကာ အတန်းထဲသာဝင်သွားလိုက်သည်။ ဒါပေမဲ့ သူ့နောက်ကနေလိုက်လာတဲ့ရီပေါ် သူ့အနားပါမလာတာကို အတန်းထဲရောက်မှ သတိပြုမိတယ်။ ဟာ ဒီကောင်လေးဘယ်ရောက်သွားပြန်ပလဲ မသိဘူး။ ကျောင်းထဲမှာဘဲ ရှိမှာပါ။

Love poison S2 ကမ္ဘာတည်​သ၍ချစ်နေမယ်(Complete)Where stories live. Discover now