[10]

5.1K 1.1K 22
                                    

[Unicode]

အခန်း(၁၀): ပြန်ပြေလည်သွားပြီနှင့် ဇီးသီးဝိုင်


သူ အရသာရှိတဲ့တို့ဟူးကိုစားပြီးသောအခါ ဆုနိုရဲ့အိုးရန်လုံအပေါ် အပြုသဘောဆောင်သည့် အဆင့်သတ်မှတ်ချက်သည်လည်း ချက်ချင်းပင် အဆင့်အသစ်သို့ ထိုးတက်သွားလေ​တော့သည်။

သူ ဒီတို့ဟူးကို ကြိတ်ထားတဲ့ ပဲပိစပ်နဲ့ မစားဘဲ ထောင်းထားတဲ့မြေပဲနဲ့ စားရမှာကိုသိနေတယ်!သူလည်းပဲ ဒီနည်းကို သိနေတာ​ပေါ့!!!

တို့ဟူးကို သုံးကြိမ်ကိုက်လိုက်ရုံဖြင့် ကုန်သွား​သည်ကို မြင်လိုက်ရ​သောအခါ အိုးရန်လုံသည် ခုခေတ်တွင် မော်ဒယ်တစ်ယောက်ဖြစ်ရခြင်း၏အခက်အခဲကို မသနားဘဲ မ​နေနိုင်​တော့ပေ။

သူ ဘယ်လောက် မြန်မြန်စားလိုက်လဲ ကြည့်ပါအုံး!!
သူတို့ ပထမဆုံးစတွေ့တဲ့အချိန်တုန်းက သူ ရက်အ​တော်ကြာနေ​အောင် ဗိုက်ဆာနေခဲ့တာဖြစ်ရမယ်။အံ့သြစရာကောင်းလောက်အောင် သူ့မှာ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့စားချင်စိတ်တွေ ရှိနေတာမဆန်းပါဘူး!

"ကျေးဇူးတင်ပါတယ်" ဆုနို ကျေးဇူးတင်စကား​ပြောလိုက်ကာ သူ့ရဲ့ ပါးစပ်ကို သပ်လိုက်ပြီး စားရတာ မ​ကျေနပ်​သေး​ပေ။သူ နောက်တစ်​ချောင်းထပ်စားရန် တွေး​နေစဥ် ကံမကောင်းစွာဖြင့် ဓာတ်လှေကားသည် သူတို့ရဲ့အထပ်သို့ရောက်ရှိသွားသဖြင့် သူရဲ့ အတွေးကိုစွန့်ပစ်လိုက်ရကာ အလွန်နောင်တရ​နေမိသည်။

"မင်း စီချွမ်းအစားအစာတွေကိုကြိုက်လား? "အိုးရန်လုံ လမ်းလျှောက်ရင်း မေးလိုက်သည်။

ဖာ့ခ်!! တကယ်ကြီး ကြိုက်တာ​ပေါ့ ! ဂဏန်းငံပြာရည်ထဲမှာစိမ်ထားတဲ့ တို့ဟူးရယ် အမဲသားမိုးခိုသားရယ် အစပ်အရည်ထဲက ခေါက်ဆွဲသား​လေး​တွေနဲ့ ငရုပ်ချဥ်​လေးရယ်၊ ကြက်သားမွှကြွပ်ကြွပ်လေးနဲ့... ပြီး​တော့ ဝက်နံရိုးရယ် ဟီဟီ..!

ဆုနို ဟင်းအမယ်​တွေကို နှုတ်မှ ထွက်မိ​တော့မလိုဖြစ်သွားရသည်။သို့ပေမယ့် ကံ​ကောင်းစွာ
သူ့ကိုယ်သူ ဟာသလူရွှင်တော် Su DeGang မဟုတ်ကြောင်း ကျော့ရှင်းလှပတဲ့ပန်းပွင့်ငယ်​လေးသာ ဖြစ်သည်ကို ချက်ချင်း အချိန်မှီ သတိ​ရလိုက်လို့သာ တော်သေးသည်။ထို့​ကြောင့် ထိုစကားလုံးများကို အမြန်ပြန်မျိုချလိုက်ရသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now