[11]

5K 1K 56
                                    

[Unicode]

အခန်း(၁၁): ရက်စက်ကြမ်းကြုတ်ဖွယ် ကောလာဟလ နှင့် ကြောက်မက်ဖွယ် စူးစူးရှရှအသံ


သူ သဘောတူခေါင်းညိမ့်လိုက်သည်ကို မြင်သည်နှင့် အိုးရန်လုံသည် ကားကိုပြန်လှည့်ကာ သူ့အိမ်သို့ခေါ်လာခဲ့သည်။သူတို့ အပေါ်ထပ်သို့မတက်ခင် ဆုနိုသည် ဇီးသီးဝိုင်ကို ဆုပ်ကိုင်လိုက်တော့မှ စိတ်သက်သာရာ ရသွားတော့သည်။

အိုးရန်လုံ အိမ်တံခါးကိုဖွင့်လိုက်ပြီးနောက်
"အရင်ထိုင်နှင့်လိုက်ပါဦး။မီးဖိုချောင်မှာ အရင် သွားနွေးလိုက်ဦးမယ်။မြန်ပါတယ်.......အကြာကြီး မ​စောင့်ရပါဘူး "

"အင်း!"

ဆုနိုက​တော့ လျှို့ဝှက်ကြံစည်နေကာ ဇီးသီးဝိုင်ကို အသိသာဆုံးဖြစ်မည့် နေရာ၌ထားဖို့ကြံရွယ်လိုက်သည်။

ကော်ဖီစားပွဲပဲ!! ဒီစားပွဲ​ပေါ်မှာသာ ထားလိုက်ရင် ဒီလူ သူ့ကို ပေးလိုက်ဖို့ မမေ့မှာ သေချာတယ်။ ဒါ​ပေမယ့် သူ့မှတ်ဥာဏ်မကောင်းတာက​တော့ တကယ့်ကိုစိတ်ပူစရာပဲ!!

အဝတ်အစားလဲပြီးနောက် အိုးရန်လုံသည် ညစာပြင်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။ဆုနို အရမ်းကို ပျင်းရိသွားသည့်အထိ စောင့်ဆိုင်းလိုက်ရ၏။ ထို့​နောက် ချိုးကျီယန်ရဲ့ webpage ကို နောက်တစ်ခေါက် ဝင်ကြည့်ရန်အတွက် သူ့ရဲ့ ဖုန်းကို ထုတ်လိုက်သည်။

ငါ တကယ်ကိုထိန်းမရသိမ်းမရ ဖြစ်လာနေပြီပဲ!

မော်ဒယ်ဆုသည် သူရဲ့အကောင့်တုထဲသို့ ၀င်
ကြည့်ရန် စောင့်ဆိုင်း​နေစဥ် သက်ပြင်းချလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ချိုးကျီယန်က သူရဲ့ abs ပုံတွေကို ထပ်မံတင်ထားသည်ကိုတွေ့ခဲ့ရသည်။
ဒီတစ်ကြိမ်မှာ​တော့ အောက်က abs အ​မြှောင်းနှစ်ခုကို ပေါ်လွင်စေရန်အတွက် သူ့ရဲ့ဘောင်းဘီခါးပတ်ကို ဆွဲချထားသည့်အ​ခြေအ​နေထိပင် ရောက်နေပြီ ဖြစ်သည်။

က​လေး​တွေက ဒီလိုလိင်စိတ်တက်ကြွ​စေတဲ့ပုံမျိုးကြည့်ဖို့အတွက် မသင့်​တော်ဘူးလေ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now