နတ်လား?ဝက်လား?-နတ္လား?ဝက္လား?

148 22 2
                                    

Unicode

မြေကြီးရဲ့တုန်ခါမှုကြောင့် Vampire ရဲ့စံအိမ်ကြီးလည်း ရမ်းခါသွားသည်။

"ကောင်းကင်ဘုံက အခုချိန်ထိလက်မလျှော့သေးဘူးကို အင်း တွေ့ကြသေးတာပေါ့"

Vampireလည်းတိတ်တဆိတ် စံအိမ်ထဲမှထွက်လာပြီး တုန်ခါသွားတဲ့ နေရာသွားကြည့်လိုက်သည်။

ချိုင့်ခွက်ကြီးထဲအိပ်နေသော အဖြူရောင်ဝတ်စုံနဲ့လူတစ်ဦးကိုတွေ့လိုက်ရသည်။

"ဘာလဲဟ ကောင်းကင်ဘုံက အကွက်တွေပြောင်းကုန်တာလား ဒါမှမဟုတ် ကောင်းကင်ဘုံကလွှတ်လိုက်တဲ့သူက အရှိန်ထိန်းနိုင်ပဲပြုတ်ကျပြီး အောက်ကလူကိုပိသွားတာများလား"

Vampire လည်းကြံရာမရတဲ့အဆုံး ထိုလူကိုချီပြီး သူ့စံအိမ်ကိုသာခေါ်သွားရန်ကြံလိုက်သည်။

"အမလေး လေးလိုက်တာ ငါ့အစွမ်းတွေသုံးထားတာတောင်လေးတုန်းပဲ လူတော့မဖြစ်နိုင်ဘူး လူယောင်ဆောင်ထားတဲ့ဝက်များလား"

ကုတင်ပေါ်ကိုချပေးလိုက်သည်။
သူလှည့်ပြန်မည့်အချိန်မှာ လက်ကိုလာဆွဲထားသောကြောင့် လန့်ပြီး ကိုင်ပေါက်လိုက်မိသည်။

"ရား....ဘယ်သူ ငါ့ကိုကိုင်ပေါက်တာလဲကွ"

တရူးရူး တရှဲရှဲဒေါသထွက်နေသော ထိုဝက်ပေါက်လေးဟာ ချစ်စရာ လို့လည်းသူတွေးမိသေးသည်။

Wu Yi Fan လည်းအရှေ့ကြည့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။

အင်း တော်တော်ကိုချောတဲ့လူသားပဲ

"မင်းက ဒီနားမှာနေတဲ့ လူလား"

"ဟုတ်တယ်"

"ငါကဘယ်လိုလုပ် ဒီရောက်နေတာလဲ"

"ချိုင်ထဲမှာ လဲနေတာတွေ့လို့ အိမ်ခေါ်လာတာ အစက သေနေပြီထင်ပြီး ထားခဲ့မလိုပဲ အသက်ရူသံလေးကြားလိုက်လို့ "

"အဲ့လိုကို ကျေးဇူးပဲ ကိုယ့်ကိုမိတ်ဆက်ရအုံးမယ် ငါကကောင်းကင်ဘုံက ဂုဏ်သရေရှိတဲ့နတ်ဖြစ်တဲ့ Wu Yi Fan ပဲ"

"အော်.... နတ်ကို နတ်ရော်ဟုတ်ရဲ့လား? ကျွန်တော်တစ်ခါမှ ဒီနာမည်မကြားဖူးသလိုပဲ"

အရှင့်ရဲ့Vampire(Completed)အရွင့္ရဲ႕VampireWhere stories live. Discover now