မြှား....ျမႇား...

137 23 1
                                    

Unicode

ခေါင်းမဖော်တမ်းစားနေသည့် Yi Fan ကိုကြည့်ပြီး သူသဘောကျစွာပြုံးမိသည်။
လူတစ်ယောက်ကိုမြင်တာနဲ့ ပျော်လာပြီးပြုံးသွားတာ သူ့အကျင့်မဟုတ်သော်လည်း Yi Fan ကိုတွေ့လိုက်တာနှင့် သူပြုံးသွားတက်သည်။ အင်း တစ်ယောက်တည်းနေတာကြာပြီး အထီးကျန်သွားလို့ဖြစ်ပါလိမ့်မယ်။

"မစားဘူးလား"

ဘာမှမစားပဲသူ့ကို​ပြုံးပြုံးကြီးထိုင်ကြည့်နေသော ထိုအနှီလူသားကိုမေးလိုက်သည်။

"အာ...ဗိုက်ပြည့်သွားလို့"

"ဒါနဲ့ စားပြီးရင် ခြံထဲလမ်းဆင်းလျှောက်ရအောင်"

"အင်း"

စားပြီးသောက်ပြီးလို့အကုန်ရှင်းလင်းပြီးချိန်မှာ ခြံထဲလမ်းဆင်းလျှောက်ကြသည်။
ရောင်စုံပွင့်လန်းနေသော နှင်းဆီခင်းကြီးထဲတွင် အဖြူရောင်လီလီပန်းတစ်ခင်းရှိသည်။

"ဟမ်...လီလီပန်း?"

"ဟုတ်တယ် ဘယ်လိုလဲကြိုက်လား"

"အွန်း ကျေးဇူးပါ မနက်ဖြန်ဆိုရင်တစ်ပတ်ပြည့်ပြီ Vampire ကိုသွားသတ်တော့မှာလား"

"အင်း"

"ကံကောင်းပါစေနော်"

"ပြီးရင် ရေတံခွန် သွားကြည့်ရအောင်"

"ဒီနေ့မှ ဘာလို့သွားချင်စရာနေရာတွေကများနေတာလဲ"

"မင်းကိုကျေးဇူးတင်လို့ပါ"

"ကောင်းပြီလေ"

သူတို့နှစ်ယောက် အေးအေးဆေးဆေးသာလမ်းလျှောက်ထွက်ကြသည်။
တစ်ယောက်နှင့်တစ်ယောက်စကားတစ်ခွန်းမျှတောင် ပြောမဖြစ်ခဲ့ကြပေ။

"ကျေးဇူးတင်ပါတယ်"

ရုတ်တရတ် စကားစပြောလာတဲ့ Yi Fan ဟာ ဘာကိုပြောမှန်း Chanyeol မသိပါ။
သူလည်းဇဝေဇဝါဖြင့်ပြန်မေးလိုက်သည်။

"ဘာကိုလဲ"

"မင်း ဟိုသစ်ပင်က နတ်နန်းအဟောင်းလေးကိုတွေ့လား အဲ့ဒါမင်းဆောက်ပေးခဲ့တာလေ"

Yi Fan ညွှန်ရာကိုကြည့်လိုက်တော့ အိုဟောင်းနေတဲ့နတ်နန်းအစုတ်လေးကိုတွေ့လိုက်ရသည်။ သို့သော် သူမမှတ်မိပါ။ ဘယ်တုန်းကသူဆောက်ခဲ့တာလဲသူမသိ။

အရှင့်ရဲ့Vampire(Completed)အရွင့္ရဲ႕VampireWhere stories live. Discover now