ချစ်ခြင်းတရား♥ချစ်ခြင်းတရား

221 26 4
                                    

Unicode

ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့်
Godရဲ့ရှေ့တွင်ဒူးထောက်နေသောကောင်လေးဟာ ချစ်ရသူကိုကယ်တင်ရန်သာ စိတ်လောနေမိသည်။

"တောင်းပန်ပါတယ် ကျေးဇူးပြုပြီးကယ်တင်ပေးပါ ဒီကောင်လေးက စိတ်နှလုံးပြည့်ဝတဲ့သူပါ တကယ့်ကိုကျွန်တော့်အတွက်အဖိုးတန်လို့ပါ။ ကျေးဇူးပြုပြီး..... "

"ကောင်းပြီ ငါကယ်တင်ပေးမယ်။ ဒါပေမဲ့ သူကလူသားအဖြစ်ပြောင်းသွားပြီး မင်းကိုတောင်မေ့သွားမယ်ဆိုရင်ရော် အဆင်ပြေရဲ့လား"

"ပြေပါတယ် သူအသက်ရှင်နေတာကိုက ကျွန်တော်ပျော်နေပါပြီ။ ကျေးဇူးတင်ပါတယ်။"

လီလီပန်း အဖြူရောင်လေးတွေကြွေကျမြေခသွားတဲ့အချိန်မှာ ဝတ်ရုံအဖြူရောင်နဲ့ကောင်လေးတစ်ယောက်ဟာ နတ်သက်ကြွေသွားသတဲ့။

သွေးပေနေသောအပြာရောင်ဝတ်ရုံနဲ့ကောင်လေးဟာ အစွယ်များ မျက်လုံးနီနီများပျောက်သွားပြီး သာမာန်လူကလေးတစ်ယောက်ဖြစ်သွားသည်။

"အင်း ပူလောင်တဲ့ချစ်ခြင်းတွေပါပဲ...။
SuHo ခဏလာခဲ့ပါအုံး အလုပ်ပေးစရာလေးတစ်ခုရှိလို့"

နတ်လှိုင်းထဲကတစ်ဆင့် SuHoကိုဆက်သွယ်လိုက်သည်။
ယုန်တစ်ပွေ့တစ်ပိုက်နဲ့ ရောက်လာတဲ့ Su Ho က အိပ်နေသော ကောင်လေးကိုကြည့်ပြီး နားမလည်စွာဖြင့် Godကိုမေးလိုက်သည်။

"ဒီကလေးက ဘယ်ကရောက်လာတာလဲ"

"ချစ်ခြင်းတရားကနေ မွေးဖွားလာတာလေ အခုခေါ်လိုက်တာ ဒီကလေးကိစ္စကိုပြောမလို့ပဲ ဒီကလေးကို ဂါဆာရက်ကွက်က ကလေးမရှိတဲ့ Choi တို့လင်မယားရဲ့အိမ်ရှေ့ သွားချပေးပါ။ ပြီးတော့ ဒီလီလီပန်းတစ်ပွင့်ပါထည့်ပေးလိုက်"

Suhoမှာ နားမလည်ခြင်းများနှင့်အတူ God ၏အမိန့်တိုင်းသာ ဂါဆာရက်ကွက်ကိုသွားလိုက်ရသည်။

ကလေးငိုသံကြားလို့အိမ်ရှေ့တံခါးဖွင့်ကြည့်လိုက်ချိန်မှာ မြင်ရသည်က နာရွက်ကားကား မျက်လုံးဝိုင်းဝိုင်းနှင့် ချစ်စရာကလေးငယ်လေးတစ်ယောက်ပင်။

"ယောကျာ်ရေ ကျွန်မတို့ကိုဘုရားသခင်ကလက်ဆောင်ပေးလိုက်တာပါပဲ "

အရှင့်ရဲ့Vampire(Completed)အရွင့္ရဲ႕VampireWhere stories live. Discover now