[12]

5K 1K 84
                                    

[Unicode]

ထိတ်လန့်ခြင်းနှင့် အစားကြူးတဲ့ Foodie လေး


ရူးသွား​စေလောက်တဲ့ မ​နေ့ကည အပြီးမှာ​တော့ ဒါရိုက်တာအိုးရန်လုံသည် အောက်ဖော်ပြပါ ကောက်နုတ်ချက်များကို သုံးသပ်သိရှိသွား​တော့သည်။

နံပါတ်(၁) - ဆုနိုက သီချင်းဆိုရတာကို အရမ်း..အရမ်း..အရမ်းကိုမှ ကြိုက်နှစ်သက်တယ်

နံပါတ်(၂) - ဆုနိုရဲ့ သီချင်းဆိုနိုင်စွမ်းက  အရမ်းကိုဆိုးရွားလွန်းတယ်

နံပါတ်(၃) - ဆုနိုက အိပ်ရင် ရေဘဝဲတစ်​ကောင်လို ကုတ်တွယ်ပြီး အိပ်တတ်တယ်

နံပါတ်(၄) - ဆုနိုက ရေဘဝဲတစ်​​ကောင်လို အိပ်​ပျော်သွားပြီးရင် ဘာကိုမှ ဂရုမထား​တော့​ဘူး။ ဒါ​ပေမယ့် ဘာလို့ တစ်ဖက်လူကို ဖက်ထားပြီးတော့ သူ့လက်နဲ့ လိုက်ပွတ်သပ်​နေရတာတုန်း?

နံပါတ်(၅) - သူပွတ်သပ်နေတာကို လက်မခံရင် သူထပြီး သီချင်းထပ်ဆိုပါတယ်

သူ နောက်ပြန်လှည့်ကြည့်လိုက်ပြီး​နောက် သက်ပြင်းချလိုက်ရင်း ကောင်း​ကင်​ပေါ်ကိုသာ မော့ကြည့်လိုက်​မိတော့သည်။

နောက်နေ့မနက်တွင် ဒါရိုက်တာအိုးရန်သည် တစ်ညလုံး မအိပ်ရသည့်ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး​နောက် သူရဲ့လေးလံသော ကိုယ်ခန္ဓာကြီးကို ရေချိုးခန်းသို့ တရွတ်တိုက်ဆွဲ​သွားရ​တော့သည်။

ဆုနိုသည် ကုတင်ပေါ်တွင် ခြေကားယားလက်ကားယား ပက်လက်ကြီး လှဲနေပြီး သူရဲ့ပါးစပ်ထောင့်မှလည်း သွားရည်များက စီးကျ​နေ​သေးသည်။ မနက်ခင်းနေ​ရောင်​အောက်မှာ သူ့ရဲ့တင်ပါးတွေကို အရှက်မဲ့စွာ
ဖွင့်ဟပြထား​သေးသည်။

မှန်ထဲ၌ ရောင်ပြန်ဟပ်နေသော မည်း​နေသည့်မျက်အိတ်များကိုကြည့်ရင်း အိုးရန်လုံသည် သူ့ဘဝတွင် ဒီလောက် မပင်ပန်းခဲ့ဖူးကြောင်း သူသာ အသိဆုံးပင်။
သူ ဆိုင်အသစ်များဖွင့်ရန် ညဆိုင်းပါ အလုပ်လုပ်ခဲ့ရသည့် ထိုကာလများတွင် တစ်​နေ့လျှင် သုံးလေး နာရီသာအိပ်ရ​သော်လည်း အနည်းဆုံးတော့ အခန်းက တိတ်တိတ်ဆိတ်ဆိတ်ရှိနေခဲ့သေးသည်။ 

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now