အဆုံးအသတ်

1.6K 232 12
                                    

Unicode :

အချိန်အားဖြင့် ခုနစ်နှစ်တိတိ....
သူ့ကို‌ပိုင်ဆိုင်ရမလိုနဲ့ ဆုံးရှုံးသွားခဲ့တဲ့ ခုနစ်နှစ်...
သူငယ်ချင်းတွေရဲ့နှစ်သိမ့်မှုနဲ့ပြန်ပြီးရှင်သန်လာခဲ့တာ ခုနစ်နှစ်....

" Dandelion ရဲ့အစေ့အဖြူလေးတွေကို လေထဲသို့ မှုတ်ထုတ်လိုက်မယ်ဆိုရင် Dandelion ပန်းလေးတွေက သင့်ရဲ့တောင်းဆုတစ်ခုကို ဖြည့်ဆည်းပေးလိမ့်မယ်တဲ့ "

ဂျီမင်းတစ်ယောက် စာအုပ်ထဲကအဆိုပါစာပိုဒ်လေးကိုမြင်တော့ အစွမ်းကုန်ပြုံးလိုက်မိသည်။
Dandelion လေးတွေကသာ တကယ်ဆုတောင်းဖြည့်ပေးခဲ့မယ်ဆိုရင် သူနဲ့အခုချိန်အတူတူပျော်ရွှင်နေနိုင်မယ်ထင်ပါတယ်လေ။

" စောင့်ရတာကြာသွားလား ဆောရီးပါဟာ ကားတွေပိတ်နေလို့ "

အန်နာ၏ဒေါက်ဖိနပ်သံသည် ကော်ဖီဆိုင်လေးထဲပျံ့လွင့်လျက်။ ဆံပင်ရှည်ကိုမှ အလိပ်အတွန့်တွေနဲ့ ပြီးတော့အထက်တန်းတုန်းကလိုမျိုးပင်ကိုမျက်နှာလေးမဟုတ်တော့ပဲ ကာလာမျိုးစုံနဲ့ အန်နာသည် တစ်မျိုးလေးလှပြီးကျက်သရေရှိလွန်းသည်။ စိန်နားကပ် စိန်နားဆွဲတလက်လက်နဲ့မို့ အန်နာ၏လက်တွဲဖော်ဟာဘယ်အဆင့်အတန်းကဆိုတာကို အထူးတလည်ပြောပြနေစရာမလိုတော့။ အချစ်ရေးကံမကောင်းဘူးလို့ပဲ သူ့ကိုယ်သူထင်ခဲ့ရှာတာ။ အချိန်တစ်ခုကိုရောက်တော့ အန်နာ၏ဖူးစာဖက်သည် လိုက်ရှာစရာမလိုပဲတည့်တည့်မတ်မတ်ရောက်လာခြင်း။

" ရပါတယ် နင့်လူကြီးလိုက်ပို့တာလား "

" အေး ဟီးဟီး "

အန်နာသည်သွားတန်းတွေအကုန်ပေါ်အောင်ရယ်တော့သည်။ သူကလည်းဖတ်လက်စစာအုပ်ကိုသာပိတ်လိုက်ရင်း ကော်ဖီခါးလေးတစ်ခွက်အား စိန်ပြေနပြေသောက်နေသည်။ သူအရင်က ဒီလိုကော်ဖီခါးတွေသဘောမကျတတ်ခဲ့ပါ။ အကျင့်ကူးခဲ့တာပေါ့ အကျင့်ကူးခဲ့တာ။

" နင်ဘာလို့ငါ့ကိုချိန်းတာလဲ အန်နာ။ နင့်မင်္ဂလာပွဲအတွက်အလုပ်ရှုပ်နေမယ်ထင်တာ "

အန်နာသည် သူ့မေးခွန်းအဆုံးမှာသက်ပြင်းတစ်ချက်ချသည်။ ထို့နောက်ဖုန်းထဲမှဓာတ်ပုံအချို့ပြသည်။

𝐖𝐢𝐬𝐡𝐢𝐧𝐠 𝐎𝐧 𝐃𝐚𝐧𝐝𝐞𝐥𝐢𝐨𝐧𝐬 || KOOKMIN ( Completed )Where stories live. Discover now