❄️❄️part (3)❄️❄️

2.1K 216 11
                                    

ရှောင်းကျန့်တို့အိမ်ရောက်သွားတော့,

"မင်းရော....အားရှောင်ရောရေအရင်ချိုးရမယ်နော်...ပြီးမှညစာအတူတူစားမယ်
မင်းတို့ရေအရင်သွားချိုးနေတုန်းညစာအတွက်ချက်ပြုတ်ထားပေးမယ်....ဟုတ်ပြီလား"

"ဒေါက်တာကိုကိုရေချိုးခန်းကဘယ်မှာလဲ"
အားရှောင်ကမေးလိုက်ခြင်းဖြစ်သည်

"ဒေါက်တာကိုကိုရေကဘယ်လိုချိုးရတာလဲ"

"ဟမ်"
ရှောင်းကျန့်တဖန်အံ့ဩသွားလေသည်

"ခွီး...ဒီလူထူးဆန်းကိုကိုကရေဘယ်လိုချိုးရမှန်းတောင်မသိဘူး ဟားဟား"

"အားရှောင်သူများကိုလှောင်မနေနဲ့...သွားအရင်ရေသွားချိုးနှင့်ရေချိုးခန်းကဒီဘက်မှာ"

"ဟုတ်ကဲ့"

"လူထူးဆန်းကောင်လေးရေကဘယ်လိုချိုးလဲဆိုတော့...ကျစ်ငါဘယ်လိုပြောပြရမှန်းတောင်မသိတော့ဘူး...အခုမင်းခန္ဓာကိုယ်ပေါ်မှာသဲမှုန်တွေရှိတယ်မလားကမ်းစပ်မှာလဲနေတာဆိုတော့အညစ်အကြေးတွေပေလာတယ်လေ...အဲ့တာတွေကိုရေနဲ့ပြောင်အောင်ဆေးချလိုက်တာ..တကိုယ်လုံးကိုသန့်ရှင်းသွားအောင်ရေနဲ့ဆေးလိုက်တာ...အဲ့တာရေချိုးတာပေါ့"

"အာ...ဟုတ်ဟုတ်...ကျေးဇူးပါ...ဒေါက်တာကိုကို...ရှင်းပြလို့....ဒေါက်တာကိုကိုနေတဲ့နေရာကြီးကထူးဆန်းတယ်နော်..ကျွန်တော်တခါမှမမြင်ဖူးတဲ့အသုံးအဆောင်တွေနဲ့"

"လူထူးဆန်းကောင်လေးမင်းနာမည်ဘယ်လိုခေါ်လဲ"

"ကျွန်တော့်နာမည်ကဝမ်ရိပေါ်...မယ်တော်ကwang jieလို့ခေါ်တယ်(ထူးချွန်ထက်မြက်တဲ့ဝမ်ကလေး)ကျန်တဲ့သူတွေကတော့ "တောင်ပင်လယ်ရဲ့အဖိုးတန်အပြာရောင်နဂါးပေါက်လေး" လို့ခေါ်ကြတယ်"
"ကျွန်တော်ကတောင်ပင်လယ်နဂါးမင်းကြီးရဲ့တဦးတည်းသောသားတော်လေးမို့လို့ပါ"
"ဒေါက်တာကိုကိုကတော့ကြိုက်သလိုခေါ်ပါကိစ္စမရှိဘူး...ဟီးဟီး...ခေါ်ရလွယ်အောင်အပြာရောင်နဂါးလေးလို့သာခေါ်ပါ"

*နဂါးလို့သာပြောတာနဂါးနဲ့တူတဲ့နေရာလည်းငါမတွေ့မိပါလား...ထားပါလေ...သူကနည်းနည်းတခန်းလွတ်တာနေမှာပါ
နက်ဖြန်ဆေးခန်းခေါ်သွားပြီးသူ့ကိုဆေးစစ်ကြည့်ရမယ်
ဒီဘက်ခေတ်မှာဘယ်နဂါးကရှိတော့မှာလဲ*

𝐁𝐥𝐮𝐞 𝐃𝐫𝐚𝐠𝐨𝐧  𝐴𝑛𝑑 𝐃𝐨𝐜𝐭𝐨𝐫 𝐆𝐞𝐠𝐞Where stories live. Discover now