❄️❄️part(10)❄️❄️

1.1K 113 1
                                    

"ကားပေါ်တက်ကြ သွားမယ်....အရမ်းမမှောင်ခင်အိမ်ပြန်လာရအောင်"

"အေးပါ"

"ကောင်ငယ်လေးကကိုကို့ဘေးနားမှာလာထိုင်...မမနဲ့အားယွင်ကနောက်ခန်းမှာလွတ်လွတ်လပ်လပ်ထိုင်"

"ဟုတ်ဟုတ်"

ကားပေါ်ရောက်တော့နဂါးပေါက်လေးကိုခါးပတ်သေချာပတ်ပေးကာနေရာတကျပြင်ပေးလိုက်သည်
ညနေပိုင်းအချိန်လောက်အိမ်ကစထွက်ပြီးသွားကြတယ်
ဆိုင်နဲ့အိမ်ကနည်းနည်းတော့ဝေးတာကြောင့်မိုးချုပ်လောက်မှဆိုင်ကိုသူတို့ရောက်ဖြစ်တော့ဆိုင်မှာကလူပေါင်းစုံနဲ့ရှုပ်နေပြီ

အပြင်ဝိုင်းတစ်ဝိုင်းမှာထိုင်လိုက်ကာအကင်ကိုစားချင်သမျှမျိုးစုံမှာလိုက်တယ်
အပြင်ဝိုင်းကတစ်ဝိုင်းနဲ့တစ်ဝိုင်းသိပ်မဝေးတာမို့လူတွေကအနည်းငယ်နီးကပ်နေသလိုသူတို့ရဲ့အနောက်ဘက်မျက်စောင်းထိုးဝိုင်းမှာရှိတဲ့လူတွေကလည်းသာမန်အပန်းဖြေလို့လာချင်နေတဲ့သူတွေနဲ့မတူဘဲအနည်းငယ်ထူးဆန်းနေသလိုပင်

"ငါဒီနေရာကိုလာချင်တာ ပင်လယ်ရနံ့ကြောင့်လည်းပါတယ်
နင်သိလားဘယ်လောက်တောင်လက်ဆတ်လိုက်လဲ
ပင်လယ်လေကလေလူ့စိတ်ကိုအရမ်းအေးချမ်းစေတာနင်ခုသိပြီမလား"

"ငါတော့မကြိုက်ဘူး"

"ဘာဖြစ်ရတာ???အရင်ကနင်ဘဲပင်လယ်ဆိုအရမ်းရူးသွပ်ခဲ့တာလေ ဘယ်ကိုခရီးထွက်မလဲမေးတိုင်းပင်လယ်ဘဲ
နင်ပြောဖူးပါတယ်ငါမှတ်မိသေးတာတောင်ပင်လယ်ကရေတွေကကြည်ပြီးသိပ်လှတာဘဲတဲ့"

"အဲ့တာငယ်ငယ်တုန်းကမို့လို့ အခုတော့မကြိုက်တော့ဘူး"

ရှောင်းကျန့်ဒီဆိုင်မှာတခဏပင်မနေချင်တော့ပါ
သူ့ဘေးကနဂါးပေါက်လေးလည်ပင်းမှာဆွဲထားတဲ့ဆွဲသီးလေးအရောင်တွေတလက်လက်ထလာတာကြောင့်နဂါးပေါက်လေးရဲ့အင်္ကျီအောက်ကိုဆွဲသီးလေးကိုဝှက်လိုက်ပြီးနဂါးပေါက်လေးကိုမသိမသာကြည့်နေသောလူနှစ်ယောက်ကိုလည်းသူ့ရဲ့ခန္ဓာကိုယ်နဲ့ကွယ်လိုက်တယ်
ဒီဆိုင်ကပင်လယ်ကမ်းခြေမှာဆောက်ထားတဲ့ဆိုင်ဖြစ်တာကြောင့်ပင်လယ်နဲ့သိပ်မလှမ်း
ညဘက်မီးပုံပွဲတွေအပြင်ကမ်းခြေနားမှာဘီယာသောက်အကင်စားကြစေရန်ရည်ရွယ်ပြီးဖွင့်ထားသောဆိုင်ဖြစ်သည်
ဒါ့အပြင်ပင်လယ်နံ့ပါရနေတာကြောင့်နဂါးပေါက်လေးအတွက်သူစိုးရိမ်နေမိသလို

𝐁𝐥𝐮𝐞 𝐃𝐫𝐚𝐠𝐨𝐧  𝐴𝑛𝑑 𝐃𝐨𝐜𝐭𝐨𝐫 𝐆𝐞𝐠𝐞Where stories live. Discover now