အိုင်းရစ် နေ၀န်းနီ (Unicode)

986 52 8
                                    

မီးအလင်းရောင်တို့တောက်ပနေသည့် မှန်ချပ်များနှင့်ကာရံထားသော အနုအလှခင်းကျင်းထားတဲ့ ကိတ်နှင့်ပေါင်မုန့်မျိုးစုံနှင့်အတူ အခန်းထဲ ခပ်သင်းသင်းပျံ့လွှင့်နေတဲ့ ကဖင်းဓာတ်တစ်မျိုးရဲ့ရနံ့။
ခေတ်ဟောင်းအဆိုတော်တစ်ဦးရဲ့ တေးသွားတစ်ပုဒ်က လေထုထဲ ညင်းသွဲ့သွဲ့လွင့်မျောနေသည်။

လိုက်ဖက်ညီစွာဖြစ်ပျက်နေသည့်အရာအားလုံးနှင့်ဆန့်ကျင်စွာ Air-conက လွင့်ထုတ်လာတဲ့ အေးစိမ့်စိမ့် အအေးငွေ့အောက် မလိုက်မဖက်ချွေးစေးပျံနေသည်က ခပ်ဖွာဖွာကောက်ကွေးနေသည့်ရွှေအိုရောင်ဆံပင်တွေနှင့် ကောင်လေးတစ်ယောက်။

ကျောပိုးအိတ်ထဲ ပါလာသမျှ ပစ္စည်းတွေတစ်ခုပြီးတစ်ခုစားပွဲပေါ်ထုတ်ချကာ အိတ်ထဲငုံ့ ရှာနေပေမယ့် သားရေပိုက်ဆံအိတ်အနက်ရောင်ကလေး၏ အရိပ်အယောင်ပင်မမြင်ရတာမို့ ခေါင်းကမီးတောက်နေပြီ။

အတူလာသည့် သူငယ်ချင်းဟူသည်ကား ရည်းစားတစ်ခုအကြောင်းပြု၍ ကပျာကယာထထွက်သွားတာမို့ ပိုက်ဆံပင်ရှင်းမသွား။သူကလည်း အလယ်တန်းကတည်းက ရင်းနှီးလာတဲ့သူငယ်ချင်းမို့ ငွေရေးကြေးရေးနှင့်ပတ်သက်ပြီး မတားလိုက်တော့။

အခု ငွေရှင်းမည်ဆိုကာမှ အိတ်ထဲရှာတော့ ပိုက်ဆံအိတ်ကပါမလာ။အဖွဲ့ထဲကတစ်ကောင်ကောင်ကို လာရှင်းခိုင်းဖို့ ဖုန်းဆက်မည်လုပ်တော့ ဘက်ထရီ 3%ကနေ ဒူခနဲမြည်ကာ ဖုန်းမျက်နှာပြင်ကမှောင်အတိကျသွားသည်။

ကိုရီးယားဇာတ်လမ်းတွဲကျေးဇူးနှင့် မိုးလင်းပေါက်ခဲ့သည့် အိုင်အိုင်းတစ်ယောက် မနက် အိပ်ရာထနောက်ကျလေတော့ နောက်ဆက်တွဲက ပိုက်ဆံအိတ်မပါ၊ ဖုန်းအားကုန်ကာ ငယ်ထိပ်ကိုမြွေပေါက်ချေပြီ။

မတတ်နိုင်သည့်အဆုံး ဘေးနားကရပ်စောင့်နေသည့် စားပွဲထိုးလေးကို မော့ကြည့်ပြီး ရှက်ကြောကိုဖြတ်၊ပါးစပ်ကိုနားရွက်တက်ချိတ်မတက်ဖြဲရင်း ရှိသမျှအားယူကာ တစ်ခွန်းတည်းပြောလိုက်တော့သည်။

"ဟီး...အစ်ကို ပိုက်ဆံအိတ်ကျန်ခဲ့လို့ ညီလေး"

ဆိုင်အ၀င်မှ အဆုံးနံရံအထိ ဘယ်ဘက်အခြမ်းသည် မုန့်ကောင်တာများစီတန်းလျက်ရှိပြီး ညာဘက်အခြမ်းတွင်မူ စားပွဲဝိုင်းလေးတွေ အစီအရီနေရာယူထားသည်။ယခု အိုင်အိုင်း တစ်ယောက် ကျောပိုးအိတ်ကကြိုးနှစ်ဖက်ကိုတင်းတင်းဆုပ်ပြီး ငြိမ်ငြိမ်သက်သက်ရပ်နေမိသည်ကတော့ ၎င်းနှစ်ဖက်စလုံးတွင်မဟုတ်။

အိုင်းရစ် နေ၀န်းနီ (One Shot)Donde viven las historias. Descúbrelo ahora