Extra(Uni & Zawgyi)

456 46 4
                                    

#Unicode

နီညိုရောင်လွှမ်းခြုံနေသည့်ပတ်၀န်းကျင်သည် လူအသွားအလာများဖြင့်ပျားပန်းခပ်နေသလို ညဈေးတန်းအတွက် ခင်းကျင်းပြင်ဆင်နေကြသည့် ဈေးသည်ဈေး၀ယ်များကလည်း ပလူပျံလျက်။

ယာဉ်သွားယာဉ်လာတို့ အဆက်မပြတ်တဝီဝီဖြတ်သန်းနေရာ လမ်းမကြီး နှင့် ပလက်ဖောင်းဘေးတွင် စီတန်းရပ်ထားသည့် ကားများကြား ဟိုရှောင်ဒီကွင်းနှင့် ရှေ့ကခပ်သွက်သွက်လျှောက်နေသူနောက် ထပ်ကြပ်မကွာအမီလိုက်နေရသည်။

ကမ္ဘာ‌ေမြကြီးကို ကျောခိုင်းထွက်ခွာသွားသည့် နေမင်းကြီးကဲ့သို့ ကျွန်တော့်ရဲ့ နေ၀န်းနီသည်လည်း ကျွန်တော့်ကို ကျောခိုင်းထားပါသည်။ထွက်ခွာသွားဖို့ကတော့မဖြစ်နိုင်ပါ။ ကျွန်တော်က ကမ္ဘာမြေကြီးလို လွယ်လွယ်နဲ့လက်လျော့ပေးလိုက်မှာမဟုတ်လို့။

"ကိုနေ လို့ အိုင်အိုင်း ပြောတာနားထောင်ပါဦးဆို ကိုနေ လို့~"

ခြေလှမ်းကျဲကြီးတွေနှင့် တရစပ်လျှောက်နေသူသည် သူ၀တ်ထားသည့် အပေါ်ဖုံး ဂျင်းပါးအင်္ကျီအပြာလေး၏ အနောက်ဘက်အနားစွန်းကို မလွတ်တမ်းဆွဲကိုင်ရင်း လိုက်လာသည့် အိုင်အိုင်းစကားကို အဖက်မလုပ်ပါ။

"ဘယ်လိုဖြစ်လို့ အင်္ကျီကိုဒီလောက်ဆွဲထားရတာလဲ"

ပြောနေတုန်းကဖြင့် ဂရုမစိုက်ဘဲ ဆက်လျှောက်နေပြီး အခုမှ ချက်ချင်းဆိုသလို ရှေ့က‌ေလျှာက်နေတာကိုရပ်လိုက်တော့ အရှိန်မထိန်းလိုက်နိုင်သည့် အိုင်အိုင်း၏မျက်နှာက သူ့ကျောပြင်နှင့် တစ်သားတည်းသွားကပ်တာကြောင့်
အွတ်ခနဲ အာမေဍိတ်သံလေးပင်ပါးစပ်မှထွက်သွားရသည်။

ဟီး...မွှေးလိုက်တဲ့ကိုယ်သင်းနံ့လေး။

"လွှတ်"

အတွေးစလေးကြောင့် ပြုံးမိတာလေးပင်မပြီးသေး ထွက်ပေါ်လာသည့် လေသံမာမာနှင့်အတူ အင်္ကျီစကိုဆွဲထားသည့် သူ့လက်တွေကို အပေါ်ကနေအုပ်ကိုင်လာကာ ဖြုတ်ချလာသည့် လက်ဖဝါးကြီးကြီး တစ်ဖက်ကြောင့် အိုင်အိုင်းတစ်ယောက် အင်္ကျီစကိုပိုပြီးအားထည့်ကာ ဆုပ်ကိုင်ထားလိုက်သည်။

အိုင်းရစ် နေ၀န်းနီ (One Shot)Where stories live. Discover now