[13]

4.8K 973 52
                                    

[Unicode]

ရန်ပွဲ​တွေ အပြည့်နှင့် လက်သီးချင်း ဖလှယ်ခြင်း

link ကိုနှိပ်လိုက်ပြီးနောက် ဆုနိုသည် ဒီဇာတ်လမ်းက အရင်တစ်ခုရဲ့ ရက်စက်ဆိုးသွမ်းသည့်ပုံစံကို အမွေဆက်ခံထားရုံတင်မကဘဲ အသစ်ထပ်မံ
ဖြည့်စွက်ထားသည့် trend တစ်ခုလည်းရှိနေသည်ကို သဘောပေါက်ခဲ့သည်။

ဆုနိုနိုသည် ကိုယ်ဝန်ရပြီးနောက် သူ ကလေးကိုအောင်မြင်စွာမမွေးဖွားနိုင်ခဲ့ဘူးဆိုတာ သိသာထင်ရှားပါသည်။ဘာ​​ကြောင့်လဲဆို​တော့ ဝမ်ရယ်က သူ့ကို အရမ်းကိုမှ သ​ဘောကျတဲ့အတွက် သူ့ကို တွေ့တဲ့ အချိန်တိုင်း အင်္ကျီတွေ ဆုတ်ဖြဲ၍ သူ့အောက်မှာ ဖိချထားပြီး​တော့ မနက်ခင်းမှာလည်း အဟမ်း*
ည​ရောက်ရင်လည်း အဟမ်း* လုပ်ကြကာ
တစ်​နေ့လုံး တစ်ညလုံး အဟမ်း* လုပ်နိုင်ဖို့လည်း ဆန္ဒရှိလေသည်။ထို့​ကြောင့် ဝတ္ထုထဲတွင် ဆုနိုနို ပြောရမည့် စကား​တွေက
"အင်း....ကောင်းတယ်!!" "အ..အ.အ..နာတယ်!" " လို​ချင်​​သေးတယ်..!" " ထပ်မလုပ်နဲ့​တော့..!" ဆိုသည့် စကားစုများသာ ဖြစ်သည်။

ဆုနို နှုတ်ခမ်းစူလိုက်မိသည်။
ဒီဇာတ်လမ်းက ဇာတ်ကွက် မရှိဘဲ လုံ​လောက်တာထက်ကို ပို​နေတဲ့ Sex အခန်း​တွေပဲ ရှိ​နေတယ် ဒီစာ​ရေးသူက အ​တွေ့အကြုံ လုံးဝ မရှိတာပဲ!

ရက်တွေကြာလာတာနဲ့အမျှ ဆုနိုနိုရဲ့ဗိုက်က ပူသထက် ပူလာ​သော်လည်း ဝမ်ရယ်ရဲ့ သူ့အပေါ်စိတ်ဝင်စားမှုမှာ ပိုတိုးလာပြီး လျော့မသွားပေ။ဒါ စစ်မှန်သည့် ချစ်ခြင်းမေတ္တာကြောင့် ဖြစ်နိုင်၏။

ဆုနိုနိုသည် ကိုယ်ဝန် ၉ လရှိနေပြီး ဗိုက်ကြီးနေသည့်တိုင်အောင် သူသည် ဝမ်ရယ်နှင့်အတူ ခေါင်မိုးထပ်တွင် အဝတ်မပါဘဲ *အဟမ်း* အပြင်းအထန်လုပ်ခဲ့ကြသည်။

သူတို့ဘေးတွင် ဝဲလွှင့်နေသောနှင်းပွင့်တွေ နီရဲ​နေ
သည့်ပါးပြင်​တွေနဲ့အတူ အဆက်မပြတ်ညည်းညူနေ
သည့်အသံများလည်းရှိနေသည်။ဒါ တကယ်ကို ရင်ထဲ ထိစရာပါပဲ!!

ဆုနို သူ့စိတ်ထဲတွင် စဉ်းစားလေ သွေးများအန်ထွက်လာရတော့သည်။

သူ ကလေးမမွေးနိုင်ခဲ့တာ အံ့သြစရာမရှိ​တော့ဘူး ကလေးက အေးခဲသွားတာပဲ​နေမယ်!!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now