[14]

4.5K 934 11
                                    

[Unicode]

Mr.Gentle နှင့် ဒေါသအိုး မှင်စာ​လေး

သူရဲ့မန်နေဂျာက အပြင်းအထန် ကန့်ကွက်​နေ​သော်လည်း ချိုးကျီယန်သည် နေ့လည်ခင်းတစ်ခုလုံး၏အချိန်ဇယားကို ရှင်းလိုက်ပြီး ထန်​ရှောင်းယွီ နိုးလာဖို့ ၅နာရီလုံးလုံး ဘေးနားတွင် ထိုင်​စောင့်​ပေးနေခဲ့သည်။

"တောင်းပန်ပါတယ်  " 

ထန်​ရှောင်းယွီ မျက်လုံးဖွင့်ဖွင့်ချင်း သူ့ဘေးနားတွင် ချိုးကျီယန်ကို တွေ့လိုက်​သောအခါ ကို့ယို့ကားယားနဲ့ ထထိုင်ဖို့လုပ်ပြီး တောင်းပန်လိုက်သည်။

"ရပါတယ်!" ချိုးကျီယန် သူ့ကို ထထိုင်ဖို့ကူညီပေးလိုက်၏။
"ဗိုက်ဆာ​နေပြီလား? မိုင်ခယ့်က ညစာအတွက် သွားဝယ်​နေတယ် သူ မကြာခင်ပြန်လာလိမ့်မယ်"

"ကျေးဇူးပြုပြီး ကျွန်​တော်မိသားစုကို ဒီအကြောင်းတွေ ပြန်မပြောပါနဲ့" ထန်​ရှောင်းယွီ သတိရှိရှိနဲ့ တောင်းဆိုလိုက်သည်။

"စိတ်မပူပါနဲ့ ငါ ဦးလေးထန်ကို အကြောင်းမကြားထားပါဘူး" ချိုးကျီယန် ထိုင်ရအဆင်​ပြေ​အောင်  သူ့အ​နောက်တွင် ခေါင်းအုံးတွေကို ပြန်စီ​ပေးလိုက်ပြီး " ဒါပေမယ့် မင်း ဒီနေ့ဘာဖြစ်ခဲ့တယ်ဆိုတာကို​တော့ ငါ့ကိုပြောပြရမယ် "

"....ကျွန်​တော် မသိဘူး " ထန်​ရှောင်းယွီ ခေါင်းကိုခါယမ်းလိုက်ပြီး "ကျွန်တော်တစ်ခုခု၀ယ်ဖို့ စဥ်းစား​နေတုန်းမှာ အ​နောက်က​နေ တစ်​ယောက်ယောက်က တုတ်နဲ့ ရုတ်တရက် ရိုက်ချသွားတာပဲ သူခိုး ဒါမှမဟုတ်ရင် တစ်စုံတစ်​ယောက် ဖြစ်နိုင်တယ် ”

ချိုးကျီယန် မျက်မှောင်ကြုတ်ပြီး "မင်း ငါ့ကို လိမ်ပြောဖို့ ခွင့်မပြုဘူးနော်"

"ကျွန်​တော် မလိမ်ပါဘူး " ထန်​ရှောင်းယွီရဲ့လေသံက နည်းနည်းတော့သဘာဝကျ မ​နေ​ပေ!

"လမ်းမပေါ်မှာ စူပါမားကတ်တွေ၊ စျေးဆိုင်တွေအများကြီးရှိနေတာကို အဲဒီ့နောက်ဖေးလမ်းကြားထဲမှာ မင်းက ဘာဝယ်ချင်လို့လဲ? " ချိုးကျီယန် တစ်ဖက်လူရဲ့မျက်လုံးတွေကို စေ့​စေ့ကြည့်လိုက်ပြီး
“သူခိုးက မင်းကို ဒီလို​တွေရိုက်သွားတဲ့အပြင် မင်းမျက်နှာကိုလည်း ဒီလိုပုံစံဖြစ်​အောင်လုပ်သွားတယ် ပြီး​တော့ မင်းပိုက်ဆံအိတ်ကလည်း မင်းအိတ်ကပ်ထဲမှာ အရာတောင်မယွင်းသွားဘူး "

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now