[15]

4.4K 938 14
                                    

[Unicode]

ရှုပ်​​ထွေးလွန်းသည့် ဓါတ်ပုံရိုက်ချက်များနှင့် အံ့သြ​လောက်ဖွယ် တွေ့ရှိမှု

မော်ဒယ်တစ်ဦးအနေနဲ့ ဆုနိုအတွက်က ဓာတ်ပုံရိုက်ခြင်းသည် သေးငယ်တဲ့ကိစ္စတစ်ခုဖြစ်သည်။
ဒါ​ပေမယ့် ....သူ ချိုးကျီယန်နဲ့ လုံးဝပူးပေါင်းဆောင်ရွက်လိုခြင်းမရှိ​တာပင်။အဲ့ဒါထက် သူ့ရဲ့ အ​ပေါ်ပိုင်းတစ်ခုလုံးက အဝတ်အစားတစ်ခုမှ ကပ်မ​နေတာပဲ။

အ​ပေါ်ပိုင်းတစ်ခုလုံးဗြောင်ကြီး!!အပေါ်ပိုင်းတစ်ခုလုံးနော်!!

စိတ်​ပျက်စရာ အ​ကောင်းဆုံးအရာ​​တွေက freshers(ပထမနှစ်) ပြန်ဖြစ်သွားတာနဲ့ ဒီလို ကိစ္စမျိုး​တွေပဲ။
မင်း အခွင့်အရေးရှာပြီး abs တွေကို ပြ​နေတာကိုက မုန်းစရာ​ကောင်းတယ်။

မင်း အဲ့ဒီ​လောက် abs တွေကို အသားပေးဖော်ပြရမှာ ကြိုက်​နေရင် ဘာလို့ မင်းမျက်နှာ​ပေါ်မှာ စာလုံးလေးလုံးပါတဲ့ "ကျွန်တော့်မှာ ဝမ်းဗိုက်ကြွက်သား​တွေ ရှိပါတယ်" လို့ စာ မကပ်ထားတာလဲ!
ပြီးရင် ကွင်းစကွင်းပိတ်နဲ " six packs မဟုတ်ဘူး eight packs နော် " ဆိုပြီးပါ ထပ်ထည့်လိုက်! ဒါမှသာ မင်းရင်ဘက်​ပေါ်ကစာ​တွေနဲ့ စိတ်​နေစိတ်ထား​က ကိုက်ညီသွားလိမ့်မယ်!

"ငါ သူ့ကိုလုံးဝ မနာလိုနေတာမဟုတ်​ဘူးနော်!" 
ဆုနို အံသွားကို တင်းတင်းကြိတ်​နေပြီး သူ့မန်နေဂျာကိုလည်း ပြင်းပြင်းထန်ထန် လိမ်ဆွဲနေသည်။

“ဟုတ်ပါတယ်...ငါတို့ သူ့ကို မနာလိုမဖြစ်ပါဘူး ရှေးရိုးဆွဲ​နေတဲ့သူတွေကသာ အင်္ကျီမ၀တ်ကြတာပါ” မန်နေဂျာက သူ့မျက်လုံးထဲတွင် မျက်ရည်တွေ အပြည့်နဲ့ သူ့လက်နဲ့ ဝေးရာကို အမြန်ရှောင်ရှားလိုက်ရသည်။

“နိုနို မင်းဝင်လို့ရပြီ ! " လက်ထောက်ကင်မရာသမား က သူ့ကိုခေါ်လိုက်သည်။

"နိုနို, ငါ မင်းကို စိတ်ငြိမ်ငြိမ်ထားဖို့ တောင်းဆိုပါတယ်နော်" သူ့မန်နေဂျာက သူ့ကို စိတ်ငြိမ်အောင် အတတ်နိုင်ဆုံးကြိုးစားပေး​နေကာ သူ့ဒေါသကြောင့် တခြားလူအပေါ်ကိုခုန်တတ်ပြီးကြွက်သား​တွေကို ဆွဲကုတ်လိုက်မှာကို ကြောက်နေမိသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now