Chapter 3 စေ့စပ်ကြောင်းလမ်းခြင်း Uni

3.2K 497 4
                                    

လျိုပင်းသည် ဒီအကြောင်းနှင့်ပက်သတ်၍ အချိန်အတော်ကြာသည်အထိ သင်ခန်းစာ ရသွားလေသည်။

သူ(စစ်သူကြီး) မြို့တော်ကို ပြန်မလာခင် တစ်လအလိုတွင် တိဖန်းသည် ခန်းမဆောင်ရှေ့တွင် ညတိုင်း ဒူးထောက်လေသည်။

ဧကရာဇ်သည် သူ့ကို ကြည့်လိုက်ကာ“မင်း သေချာစဥ်းစားပြီးပြီလား”

တိဖန်း ခေါင်းငြိမ့်လိုက်သည်။သူ့မျက်နှာပေါ်တွင် ဘယ်သောအခါမှ မရှိခဲ့ဘူးသော တည်ငြိမ်ပြတ်သားမှု ရှိနေလေသည်“ သေချာပါပြီ”

“အဓိပ္ပါယ်မရှိလိုက်တာ”ဧကရာဇ်သည် အင်္ကျီလက်ကို ဆုပ်ကိုင်လိုက်ကာ“မြင့်မြတ်လှတဲ့ အရှင့်သားက ယောက်ျားတစ်ယောက်ကို လက်ထပ်ချင်နေတယ်!”

တိဖန်းသည် မျက်တောင်ပင်မခက်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်“ခမည်းတော်(အဖေ)က သဘောတူပြီးပါပြီ”

ဤစကားများကို ကြားလိုက်ပြီးနောက် ဧကရာဇ်သည် အချိန်အတန်ကြာ တိတ်ဆိတ်သွားလေသည်။သူသည် ပင်ပန်းနေသော မျက်နှာဖြင့် လက်ခါပြလိုက်ကာ သက်ပြင်းချလိုက်ပြီး“ကောင်းပြီ။မင်း ပြန်လို့ရပြီ”

သူ(အရှင့်သား)သည် ကျေးဇူးတင်လိုက်ပြီး မိန်းမစိုး၏ အကူအညီကို ငြင်းဆန်ကာ ကိုယ်တိုင်ပင် ​ကြိုးစားထကာ ခန်းမအပြင်ဘက်သို့ တစ်လှမ်းချင်း ဆုတ်ခွာသွားလေသည်။

အရုဏ်တက်ချိန်ပင် ရောက်နေလေပြီ

..................

သူတို့၏ မင်္ဂလာဦးညတွင် လျိုပင်းသည် သေရည်တစ်ခွက်ကို သောက်လိုက်ကာ အိပ်ပျော်သွားလေသည်။တိဖန်းသည် သူ့ဘေးတွက် လဲလျောင်းလိုက်ကာ တောက်ပစွာ ပြုံးလိုက်လေသည်။

သူသည် ထူးခြားစွာ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လေသည်။သူ့အိပ်မက်ထဲတွင် သူနဲ့ လျိုပင်းသည် မုန်ညင်းပန်းခင်းရှေ့တွင် ရပ်နေကာ ပွေ့ဖက်နေကြသည်။သူ လျိုပင်း တစ်ခုခုပြောကာ တောက်ပစွာ ရယ်မောနေသည်ကို မြင်လိုက်လေသည်။

နိုးလာသောအခါ သူ သူ့ရဲ့မှတ်ဉာဏ်ထဲကအတိုင်း မုန်ညင်းပန်းခင်းကို တွေ့လေသည်။ထို့နောက် သူ ပထမဆုံးအကြိမ် လျိုပင်းကို တွေ့ခဲ့ဖူးသော နေ့ကို သတိရနေမိလေသည်။ထိုအချိန်က သူသည် ဆယ်နှစ်သားမျှသာ ရှိသေးပြီး သူ့ခမည်းတော်၏ ​နောက်မှလိုက်လာကာ စစ်သူကြီးအိမ်တော်သို့ ဧည့်သည်အဖြစ် လာလည်ချိန်ဖြစ်သည်။သူ့ခမည်းတော် ဂရုမပြုမိချိန်ကို အခွင့်ကောင်းယူကာ ခိုးထွက်လာပြီး အနောက်ဥယျာဥ်ဘက်သို့ လမ်းမှားကာ ရောက်လာလေသည်။

အနောက်ဘက်ဥယျာဥ်တွင် ကြင်နာတတ်တဲ့ မိန်းမကြီးတစ်ယောက်နဲ့ မိန်းမလှလေး တစ်အုပ်စုတို့အပြင် မြက်ခင်းစိမ်းများကိုပါ မြင်လိုက်ရလေသည်။

သူ ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝတ္ထု တစ်ပုဒ်ထဲ ရောက်သွားသလိုပင် ခံစားလိုက်ရသည်။သူသည် သူတို့ကို ငိုကာ အော်ခေါ်လိုက်ဖို့ လုပ်လိုက်သော်လည်း သူ့ကို တစ်ယောက်ယောက်က နောက်ကနေ လှမ်းကိုင်လိုက်လေသည်။

သူ ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး ပြုံးနေသော ခန့်ညားလှတဲ့ လူငယ်လေးကို မြင်လိုက်ရလေသည်။

ဤတွေ့ဆုံမှုသည် ဘဝတစ်လျှောက်လုံး တွယ်ငြိမိသွားစေလေသည်။

..............

တိဖန်းသည် ပန်းခင်းလေးထဲတွင် ရပ်နေကာ အရပ်ရပ်မှ တိုက်ခက်နေသောလေများကို ရှူရှိုက်နေလေသည်။အဲ့အချိန်မှာပဲ သူ့အနောက်ကနေ ခြေသံဖွဖွကို ကြားလိုက်ရလေသည်။

သူ ငယ်ငယ်တုန်းကအတိုင်း ခေါင်းကို ဖြည်းညင်းစွာ လှည့်လိုက်သောအခါ မြေပြင်ပေါ်တွင် သေဟန်ဆောင်ကာ လဲလျောင်းနေသော တော်ဝင်သက်တော်စောင့်လေးကို ထူးဆန်းစွာ စိုက်ကြည့်နေသော သူ့(စစ်သူကြီး)ကို တွေ့လိုက်ရလေသည်။

သူ မနေ့ညက မက်ခဲ့သော လှပတဲ့ အိပ်မက်လေးကို သတိရလိုက်လေသည်။

အိပ်မက်ထဲတွင် လျိုပင်းသည် သူ့ကို လက်မောင်းထဲတွင် ပွေ့ဖက်ထားကာ တိုးတိုးလေးပြောလိုက်သည်:

“ကိုယ် မင်းကို ချစ်တယ်”

....................................

ပြီးပါပြီ~~~

ဖတ်ပေးတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။

ဒီတစ်ခုလေးကတော့ ပြီးသွားပါပြီ။

သိပ်မကြာခင် နောက်တစ်ပုဒ် ပြန်တင်ပေးမယ်။စောင့်နေပေးဦးနော်။

စစ်သူကြီးနှင့် သူ၏ ပန်းဂေါ်ဖီလေး  (translation)(complete)Where stories live. Discover now