[16]

4.5K 998 35
                                    

[Unicode]

"ကိုယ်ပိုင် နည်းလမ်း​ဖြင့် ပူ​​ဖောင်းလေးများကို ပေါက်ကွဲစေမယ်"


နောက်တစ်​ရက်သည် ပိတ်ရက်၏အစရက် ဖြစ်​သော​ကြောင့် ဒီ​နေ့ည​နေမှာတင် ညစာစားဖို့ လာ​ရောက်ကြသည့် လူ​တွေနဲ့ ပြည့်​နေသည်။ Meadow က ဒီ​ဒေသရဲ့ ရှုခင်းအ​ကောင်းဆုံး နေရာဖြစ်သည့်အတွက် ထိုင်ခုံ​​တွေက အမြဲလိုလို ပြည့်နှက်နေတတ်သည်။

"ကျွန်​တော်တို့ရဲ့ နံပါတ်ကိုခေါ်ဖို့ စောင့်နေဖို့လိုသေးလား?" ဆုနိုရဲ့ခံစားချက်တွေက ရှုပ်​ထွေး​နေ​သော်လည်း အရည်အချင်းပြည့်ဝတဲ့အစားသမား​လေး တစ်ယောက်ဖြစ်နေသည့်အတွက် သူ့အစာအိမ်သည် အချိန်မှန်စွာ မြည်လာတော့သည်။

"မလိုဘူး" အိုးရန်လုံ သူ့ကိုအနောက်တံခါးက​နေ တဆင့်ဒုတိယထပ်သို့ တိုက်ရိုက်ခေါ်သွားလိုက်သည်။

စိမ်းစို​နေတဲ့ ဝါး​လှေကား​လေးသည် အ​ပေါ်ကဖိအားကြောင့် လှမ်းလိုက်တိုင်း အောက်ကို အိ,ကျသွား​သော​ကြောင့် ဒီ​လှေကား​ပေါ်ကို တက်ရတာ ပျော်စရာ​ကောင်း​နေပြီး အပေါ်ထပ်ရဲ့ လေထုကလည်း အရသာရှိမယ့် အစားအသောက်တွေရဲ့ ရနံ့​တွေနဲ့
မွှေးကြိုင်နေသည်။ နောက်ဆုံး​တော့ ဆုနိုရဲ့စိတ်အ​ခြေအ​နေ​လေးက​ နည်းနည်းပြန်တက်လာပြီဟု ခံစားရသည်။

"ကိုယ်နဲ့ ဒီနေရာပိုင်ရှင်နဲ့က တော်တော်လေးရင်းနှီးတယ်လေ ပြီး​တော့ ဒီက အစားအစာတွေရဲ့အရသာကလည်း တကယ်ကောင်းတယ် " သူတို့ သီးသန့်အခန်းငယ်တစ်ခုမှာထိုင်ရင်း အိုးရန်လုံ သူ့အတွက်လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်၏။ " မြည်းကြည့်, pu-erh ကို နှပ်ထားတာ "

T/N: pu-erh=တရုတ်လက်ဖက်တစ်မျိုး

အဆက်အသွယ်တွေရှိလို့​ရော ဘာဖြစ်လဲ?ဘယ်လောက် အရှက်မရှိလိုက်လဲ!

ဆုနို တိတ်တဆိတ်ပဲနေလိုက်ရန် ဆုံးဖြတ်လိုက်သည်။

သူလည်း စားသောက်ဆိုင်ပိုင်ရှင်နဲ့အရမ်းရင်းနှီးချင်တာပဲ!

"မင်းက လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက စပြီး ပွဲဦးထွက်ခဲ့တာမလား? " အိုးရန်လုံ လက်ဖက်ရည်သောက်နေရင်းဖြင့် အေးအေးဆေးဆေး စကားပြောနေသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now