part.8

230 13 2
                                    

"ဒီအခန်းက ရေမလာဘူး bo diလေးကို ကောက ပြောမလို့လေ......ကောပြောတာကိုမှဆုံးအောင်နားမထောင်တာကို "

ရှောင်ကျန့်စကားကြောင့် ရိပေါ် မျက်နှာ မဲ့ရှုံ့သွားပြီး
"သြော်.....ဒါဆိုကျုပ်အမှားပေါ့ "

"အာ...ဟို bo di လေးအမှားမဟုတ်ပါဘူး ကြိုမပြောမိတာ ကောအမှားပါ"

"အဲ့လိုသိရင်လည်းပြီးတာပဲ ...ကျုပ်ရှေကဖယ် "
ရိပေါ် သူရှေ့က ရှောင်ကျန်ကိုတွန်းလိုက်ပြီး ဟိုဖက်ခန်းကရေချိုးခန်းထဲဝင်သွားတော့သည်။
ရိပေါ် တစ်ယောက် ရေချိုးနေရင်းအနိုင်ရသူတစ်ယောက်လိုမျိုးပြုံးနေပြီး
"ဒီရှေ့ ဒီ့ထက်ဆိုးမယ် ရှောင်ကျန့် ခင်ဗျားရဲ့ စိတ်ထားဖြူစင်ချင်ယောင်ဆောင်နေတဲ့ ဟန်ဆောင်မျက်နှာဖုံးကိုကျူပ်ခွာချပြမယ် ....ဟက်"
ရိပေါ် ရေချိုးပြီးအောက်ဆင်းလာတော့ ရှောင်ကျန့်က
ထမင်းစားခန်းထဲကနေလှမ်းအော်လိုက်တယ်

"bo di လာ ထမင်းစားမယ်..."
ရှောင်ကျန့်က ပြုံးပြကာခေါ်နေပေမဲ့ တစ်ဖက်လူကတော့ မျက်နှာကိုရွဲ့ထားကာ

"ဘာလဲ ခင်ဗျားက......ကျုပ် ဒီမှာနေမယ်လို့ အဖေ့ကိုကတိပေးလိုက်တာ ခင်ဗျားနဲ့သင့်မြတ်နေချင်လို့နေခဲ့တယ်များမှတ်နေလား...
ကျုပ်ကောင်မလေးနဲ့ မဝေးချင်လို့..... အာ့ကိုခင်ဗျားမှတ်ထား
ဘာထမင်းမှအတူတူမစားနိုင်ဘူး...... ထမင်းစားရင်းခင်ဗျားကိုမြင်ရင် အန်မိမယ်ထင်တယ်"
တံခါးကို အသံကျယ်မြည်အောင် ပိတ်လိုက်ပြီး ရိပေါ်အပြင်ကိုထွက်သွားတော့သည့်တိုင်အောင် ရှောင်ကျန့် စကားတစ်ခွန်းမှထက်မဆိုနိုင်တော့​ပေ

ရိပေါ် ကြိုက်တတ်တဲ့ ဟင်းတွေကို ဝမ်သခင်ကြီးဆီကလှမ်းမေးမြန်းကာ ချက်ထားပေမဲ့ရိ​ပေါ်ကတော့ သူချက်ထားတဲဟင်းတွေစားဖို့ဆိုတာအဝေးကြီး ထမင်းစားခန်း အဝမှာတင်သူ့ကိုပြောဆိုပြီး အပြင်ကိုထွက်သွားလေရဲ့
ရှောင်ကျန့်. ပြောစရာစကားများအစား မျက်ရည်များသာကျနေမိတော့သည်

**********************************

"တောက်........"

"ဟာ လန့်လိုက်တာကွာ မင်းဘယ်ချိန်အိမ်ထဲရောက်လာတာတုန်း...."

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 06, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Step brotherDonde viven las historias. Descúbrelo ahora