part_5

472 45 2
                                    

"ဒါ​တွေကို..ဧည့်​ခန်းရဲ့ ​ဘေးနားအခန်းမှာထားလိုက်​..."

"ဟုတ်​ကဲ့သူ​ဌေး....."
ယ​နေ့ ၀မ်​အိမ်​​တော်​တွင်​...အလုပ်​သမားများနှင့်​ ၀မ်​သခင်​ကြီးတို့ အလုပ်​ရှုပ်​​နေကြသည်​။
ပစ္စည်း ​တွေကို​နေရာတကျဖြစ်​​​စေဖို့...၀မ်​သခင်​ကြီးက
အလုပ်​သမား​တွေကို ​သေချာညွန်​ကြား​နေစဉ်​.....

"အ​ဖေ...လူ​တွေအများကြီး ဘာ​တွေလုပ်​​နေကြတာလဲ"

"အ​ဖေ့ ရဲ့ မင်္ဂလာ ပွဲအတွက်​ အိမ်​ကိုကြိုပြင်​ထား​တာ
လေ...သားကြီးရဲ့.."

ဝမ်​လျူချန်​ရဲ့ စကား​ကြောင့်​ ရိ​ပေါ်မျက်​နှာ တစ်​ချက်​မဲ့သွား​တော့သည်​။
(၀မ်​လျူချန်​ဆိုတာ ၀မ်​သခင်​ကြီးကို​ပြောတာ​နော်​.....)

"ဘာလဲ....အ​ဖေက သားဒီ​လောက်​တား​နေတဲ့ကြားထဲက...အတင်းစီစဉ်​တယ်​​ပေါ့...ဟုတ်​လား
အ​ဖေ ...အဲ့မိန်းမကို အဲ့​လောက်​ဖြစ်​​နေတာလား..."

ရိ​ပေါ် ရဲ့ စကားသံ​ကြောင့်​ အလုပ်​သမားများငြိမ်​ကျသွားပြီး....စကားစစ်​ပွဲကို...လှမ်းခိုးကြည့်​​နေကြ​တော့သည်​။
ဝမ်​သခင်​ကြီးလည်း​ဒေါသထွက်​ကာ...စကားများကြ​တော့သည်​။

"၀မ်​ရိ​ပေါ်မင်း​ ​တော်​​တော်​ ဆိုးသွမ်းလာတာပဲ......
ငါမင်းကို စိတ်​ကုန်​တယ်​ကွ....
မင်းလို မလိမ္မာတဲ့သားကို​မွေးမိတာ ​နောင်​တရတယ်​..."

"မိန်းမ တစ်​​ယောက်​အတွက်​နဲ့.... သားကို...
သားကို ဘယ်​တုန်းကဒီလို​ပြောဖူးလို့လဲ....."
ရိ​ပေါ်တစ်​​ယောက်​ ​ပြောရင်း မျက်​ရည်​များကျမိသည်​။
ခဏကြာ​တော့မျက်​ရည်​များကိုသုတ်​ကာ...

"ရတယ်​​လေ...သားက​တော့အဲ့မိန်းမနဲ့ သူ့သားမျက်​နှာကို...လုံးဝမကြည့်​ချင်​ဘူး.....အတူတူလည်းမ​နေနိုင်​ဘူး.....အဲ့​တော့ သား ဒီအိမ်​ကထွက်​သွားမယ်​...."

ရိ​ပေါ်တစ်​​ယောက်​စကား​ပြောလို့အပြီး အ​ပေါ်ထပ်​ကို
ပြေးတက်​သွားပြီး အ၀တ်​များနှင့်​ အသုံးအ​ဆောင်​များကိုထည့်​ကာ ပြန်​ဆင်းလာခဲ့သည်​။

ခြံတံခါးဝ​ရောက်​​သောအခါ အ​ဖေက ဟိုမိန်းမကြီးကိုစွန့်​လွှတ်​ကာ ပြန်​​ခေါ်မလားဟူ​သော......​မျှော်​လင့်​ချက်​နှင့်
ခဏ ရပ်​ကာ ​လှည့်​ကြည့်​​သော်​လည်း.....
အ​ဖေ့ ဘက်​က တည်​ငြိ​မ်​​ကာ လှည့်​​တောင်​မကြည့်​​ပေ။

Step brotherWhere stories live. Discover now