(part.4)

574 51 10
                                    

ရိ​ပေါ် တစ်​​ယောက်​ cafe ဆိုင်​တွင်​​စောင့်​​နေသည်​မှာ
နာရီဝက်​ခန့်​ကြာ​နေပြီဖြစ်​သည်​။
"​တောက်​.....ဘာ​တွေလုပ်​​နေလို့ အခုထိမလာ​သေးတာလဲ....စိတ်​တိုလိုက်​တာကွာ..."

ရိ​ပေါ် တစ်​​ယောက်​စိတ်​တိုလို့မှမဆုံး​သေး.......
လော​လောနှင့်​ဆိုင်​ထဲအမြန်​၀င်​လာ​သော​ ​ရှောင်​ကျန့်​ ကို
တွေ့လိုက်​ရသည်​။

ရှောင်​ကျန့်​ ထိုင်​ခုံတွင်​ ထိုင်​ရန်​ရွယ်​လိုက်​စဉ်​...

"ဒီမှာ....ခင်​ဗျားက ​နောက်​ကျလှချည်​လား...
ကျုပ်​ကို အားယား​နေတဲ့လူများမှတ်​​နေလားဗျ......"

"​အကို ​တောင်းပန်​ပါတယ်​...အ​ရေးကြီးတဲ့အစည်​အ​ဝေး
သွား​နေရလို့ပါကွာ...တကယ်​​တောင်းပန်​ပါတယ်​..."

"​တော်​ပြီ.. .​တော်​ပြီ ..ရပြီ..ဆက်​မရှင်းပြနဲ့​တော့ဗျာ...
ခင်​ဗျားနဲ့ ကျုပ်​က dateလုပ်​​နေတာမဟုတ်​ဘူး...
လိုရင်းပဲ​ပြောကြမယ်​...."

ရိ​ပေါ်စကား​ကြောင့်​ ​ရှောင်​ကျန့်​တစ်​​ယောက်​...တကယ်​သာ dateလုပ်​တာဆိုရင်​ ​ကောင်းမှာပဲဟု မဆီမဆိုင်​ ​တွေးမိသည်​။
ရှောင်​ကျန့်​. အ​တွေးအား တစ်​ဖက်​ခုံမှကိုယ်​​တော်​​ချောက ဖျက်​စီး လိုက်​​တော့သည်​။

"ဒီမှာ...ဘာ​တွေ ​တွေး​နေတာလဲ..."

"ဟမ်​....ဘာမှဟုတ်​ပါဘူး...ညီ​လေးက....အကို့ကို
ဘာ​ပြောစရာရှိလို့လည်း..."

"ကျစ်​.....ကျုပ်​ကို ညီ​လေး လို့မ​ခေါ်နဲ့...
ဘာအ​ကြောင်း​ပြောမှာလဲက...ခင်​ဗျားသိပြီးသားဖြစ်​မှာပါ...
စကားပလ္လင်​​တွေခံမ​နေနဲ့.....
ရှင်းရှင်းပဲ​ပြောမယ်​ဗျာ...ကျုပ်​အ​ဖေနဲ့ ခင်​ဗျားအ​မေနဲ့
လက်​ထပ်​မဲ့ကိစ္စ...ကျွန်​​တော်​လုံးဝ သ​ဘောမတူနိုင်​ဘူး.."

"ဘာ​ကြောင့်​လဲ...ညီ....အကိုလည်းအကို့အ​မေကို
တွေ့ကရာလူနဲ့လိုက်​ သ​ဘောမတူပါဘူး...
မိဘချင်း​ကအရင်​ကတည်းက...ချစ်​​နေကြ​တော့
ဘယ်​တတ်​နိုင်​မလဲ.."

"ခင်​ဗျားဘာသာ..သ​ဘောတူတူ...မတူတူ.
ကျုပ်​က​တော့ ဒီပွဲကိုရ​အောင်​ဖျက်​မှာ...
တကယ်​လို့ မ​အောင်​မြင်​ခဲ့ရင်​​တောင်​...ခင်​ဗျား​ရော..
ခင်​ဗျားရဲ့ အ​မေ​ရော...တစ်​သက်​လုံးစိတ်​ဆင်းရဲဖို့သာ
ပြင်​​နေ​တော့...."

Step brotherWhere stories live. Discover now