[17]

4.4K 891 7
                                    

[Unicode]

ဦးစိတ်တိုဥက္ကဌနှင့် တက်သစ်စ ရုပ်ရှင်ဒါရိုက်တာလေး

ချိုးကျီယန်ကို သူ တိတ်တဆိတ်ချစ်ခဲ့တာမဟုတ်ကြောင်း အတည်ပြုပြီးနောက် ဆုနိုသည် သူ့အစာအိမ်ထဲတွင် အသံစုံမြည်လာသည်ကို ချက်ချင်းခံစားလိုက်ရသည်။

ထို့ကြောင့် သူ အရသာရှိတဲ့အစားအစာတွေကို စိတ်ပါလက်ပါဖြင့် စတင်စားသောက်ခဲ့ပြီး ဟင်းတိုင်းကလည်း အရသာရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရပြန်သည်။

အဲ့ထဲမှာမှ အညို​ရောင်သကြားဖက်ထုပ်​လေး​တွေက ချိုပြီး စားလို့ ပိုကောင်းတယ်!ဝမ်းနည်းစရာ​ကောင်းတာက ပန်းကန်ပြားထဲမှာ နှစ်ခုပဲ ကျန်​တော့တာပဲ! ဒါက စားဖို့ မလုံ​လောက်ဘူးဆိုတာ ထင်ရှားနေတာပဲ​လေ!
တကယ့်ကို လွန်လွန်းပါတယ်! သူ အစားဘက်မှာ အာရုံမ​ရောက်ခင်တုန်းက အိုးရန်လုံက သူတစ်​ယောက်တည်း ဖက်ထုပ်ပန်းကန်ရဲ့တစ်ဝက်​ကျော်​ကျော်ကို စားပစ်လိုက်တယ်လေ!

ဆုနို အရမ်းကို ဒေါသထွက်ရသည်။

သူ ဘယ်လိုလုပ် ဒီလိုလုပ်ရတာလဲ? အနည်းဆုံး​တော့ တစ်ဝက်​​လောက်​တော့ ချန်ထားရမှာ​ပေါ့!!

"အသီးအရွက်တွေပါစား " အိုးရန်လုံ သူ့အား ဟင်းသီးဟင်းရွက်စွပ်ပြုတ်ပန်းကန် အသေးလေးတစ်လုံး ပေးလိုက်သည်။

ဘယ်သူက ဒီလိုမျိုးစားချင်နေမှာလဲ? အရွက်​တွေက စိမ်း​​တောက်​နေပြီး နုတ်နုတ်စင်းထားတဲ့ အသား​ဖတ်လေး​တွေ​တောင်မပါဘူး ကြည့်ရုံနဲ့တင် အစာစားချင်စိတ်ပါ ပျောက်တယ်!

ဆုနို ပြောလိုက်ကာ " ကျွန်​တော်တို့ နောက်ထပ် အညို​ရောင်သကြားဖက်ထုပ်​ကို ထပ်မှာလို့ရလား?"

ဒီ​တောင်းဆိုချက်​လေးက တဖက်သူတစ်ယောက် အတွက် ချက်ချင်းသဘောတူရန်တောင်းဆိုချက်သေးသေးလေးတစ်ခုသာဖြစ်သည်။ ပြီးရင် အမဲသားဆလပ် ဒါမှမဟုတ်ရင် အစိမ်း​ရောင် ငရုတ်​ကောင်း ဝက်အူ​ချောင်းပါ ထပ်ထည့်​ပေးဖို့ပါ ပြောရမယ်။ ဒါလည်း တောင်းဆိုချက်သေး​သေး​လေးပါပဲ!

ဒါ​ပေမယ့် အိုးရန်လုံ ငြင်းပယ်လိုက်သည်။ "မရဘူး"

ဖာ့ခ်! မရဘူးဆိုတာ ဘာသ​ဘောလဲ? ဒီမှာ နည်း​နေပြီ​လေ မ​တွေ့ဘူးလား! ဆုနို မ​ကျေနပ်လွန်းလို့ စားပွဲခုံကို​တောင် မှောက်ပစ်ချင်​နေပြီ။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now