U : GIFT - 2

98 14 0
                                    

Form ထဲက ဖုန်းနံပါတ်နေရာကိုကြည့်လိုက်တော့ သူ အမြဲတမ်း ရေရွတ်နေကျဖြစ်တဲ့ နံပါတ်တွေနဲ့ ကွက်တိ။ P'Deer က မမေးဘူးလားဆိုပြီး တံတောင်နဲ့တွတ်လာတော့ Arthit အကြည့်တွေက ကိုယ့်ဘက်ကို ရောက်လာတာနဲ့ အကြည့်အမြန်လွှဲလိုက်ရင်း မေးမယ့်မေးခွန်းကို P'Deer ဘက်တိုးပြကာ အသံခပ်တိုးတိုးနဲ့

" P' မေးလိုက်ပါလား ? ကျွန်တော် လည်ပင်းနာနေလို့ "

ကိုယ့်လိုမျိုး Arthit က ကိုယ့်အသံများမှတ်မိနေမလားဆိုတဲ့စိတ်နဲ့ P'Deer ကို မေးခိုင်းလိုက်ခြင်းသာ။ မေးခိုင်းလိုက်ပြီးမှ နောင်တရမိတဲ့ အဖြစ်။ P'Deer မေးတဲ့မေးခွန်းတွေကိုဖြေနေတဲ့ ကိုယ့်ထက် အသက်ကြီး ပါတယ်ဆိုတဲ့ Arthit ကို မယုံနိုင်စွာ ဆက်ငေးကြည့်နေမိတယ်။

ဒီလိုနဲ့ ကိုယ့်ရဲ့အကူအညီတခုမှမပါဘဲ ကိုယ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းခွင်ထဲကို P'Arthit ဝင်ရောက်လာခဲ့တာ တစ်လပြည့်တဲ့နေ့။ အမြဲတမ်း ဝန်ထမ်းမဟုတ်သေးတဲ့ စောင့်ကြည့်ကာလဖြစ်ဆဲ Arthit တို့အသစ်တွေ အဖို့ ခွင့်ယူခွင့်က လုံးလုံးမရသေး။

Arthit နဲ့ သူလည်း တစ်ပတ်မှာ သောကြာညတွေပဲ စကားစမြည် ပြောနေရုံကလွဲလို့ ကျန်တာ ဘာဆိုဘာမှရင်းနှီးသိကျွမ်းနေတာမဟုတ်။ သိခဲ့ကြတဲ့ နှစ်လတာအချိန်က တစ်ယောက်နာမည် တစ်ယောက်မေးမိတာမျိုး မရှိအောင်နေခဲ့ကြတာ။

အခုမှ စကားစရှာပြီး အပြင်မှာပြောဖို့ဆိုတာကလည်း သီးသန့်ခေါ်တွေ့ ရင် အသစ်တွေက HR ကိုကြောက်နေကြတာကြီးပဲဆိုတော့ ... အင်း။

" Kong ... ဒီနေ့ Production အပိုင်းက အသစ်တစ်ယောက် ခွင့်ယူတယ်နော် !! ပြီးမှ လိုတဲ့စာရွက်လာတင်ပေးတော့မယ်။ မင်း အမြဲစပ်စုနေကျတစ်ယောက်မို့ ငါက ကြိုပြောပေးတာ "

" Production အပိုင်းက ဘယ်သူလဲ ? "

" မင်း စပ်စုပါတယ်ဆိုမှ ဘယ်သူရှိလို့လဲ ?"

" P'Arthit ? "

Aim က ကွန်ပြူတာဘက်လှည့်နေရာကနေ သူ့ကို သမင်လည် ပြန်ကြည့်ရင်း ခေါင်းညိတ်ပြတယ်။

" ပုံမှန်ဆို ငါတို့ခွင့်မပေးဘူးလို့ပြောထားပေမယ့်ကွာ .. သူ ဖုန်းဆက်တော့ တကယ်ကြီးနေမကောင်းဖြစ်နေတဲ့အသံနဲ့မို့ .. ငါ ဖိမပြောလိုက်တော့တာ။ ငါ တာဝန်ယူပေးထားရတဲ့ Department ဆိုပေမယ့် နောက်ပိုင်း မင်းပဲဆုံးဖြတ်ပြီး အပေါ်ကိုပြောရမှာလေ "

Peraya Project SKWhere stories live. Discover now