Z : Umbrella - 2

234 20 0
                                    

Be your umbrella on rainy days ☔️

ဒါပေမယ့် ...
အောင်မြင်လာတာနဲ့အမျှ တိုက်ခိုက်မှုတွေက
ကြုံရတတ်တယ်မလား ??
ကျွန်တော့်ကိုဦးတည်ပြီးတိုက်ခိုက်တာတွေ၊
Kit ကိုတိုက်ခိုက်တာတွေ၊ နှစ်ယောက်လုံးရဲ့
နာမည်ကျဖို့အတွက် ရသလောက်
နောက်ကြောင်းလှန်ချင်ကြတဲ့သူတွေ အများကြီးကို တွေ့လာခဲ့ရပြီးပြီ။

အချိုးအကွေ့တွေ၊ ထိုးနှက်တဲ့မေးခွန်းတွေ၊ စိတ်ပျက်ဖို့ကောင်းတဲ့ရှုတ်ချမှုတွေ၊ သူရော
ကျွန်တော်ရော ခံလာရပြီးပြီ။
ဒါပေမယ့် အမြဲကာကွယ်ပေးခဲ့တဲ့ ကျွန်တော်တို့
ပရိသတ်တွေကြောင့် ခံနိုင်ရည်ရှိခဲ့ကြတယ်။

Kit ဆို သူ့ YuYu တွေကို အတွယ်တာဆုံး ..
တနေ့မတွေ့ရရင်
စကားမပြောရရင် မနေနိုင်ဘူးတဲ့လေ။

ကျွန်တော်က Kit လို နုနုရွရွတွေမပြောတတ် ..
Samun တွေကို တွေ့တိုင်း ကတိစကားတွေပဲ
အမြဲပေးနိုင်ခဲ့ပေမယ့် ကျွန်တော့်အကျင့်ကိုသိနေတဲ့ Samun တွေက အမြဲတမ်း နားလည်ပေးနိုင်ခဲ့တယ်။

Now that it's raining more than ever
Know that we'll still have each other 🎼

ဒီလိုပဲ မုန်တိုင်းတွေကြုံမယ် လေပြင်းတွေတိုက်မယ်
တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်တော့တဲ့အထိ မိုးတွေသည်းလာနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့
တစ်ယောက်အတွက် တစ်ယောက်ရှိနေပေးဦးမှာပဲ ..

Kit ဘေးမှာ ကျွန်တော်ရှိသလို
ကျွန်တော့်ဘေးမှာလည်း
Kit အမြဲရှိနေပေးသလိုပေါ့ :)
အဲ့လိုအချိန်မျိုးနဲ့ကြုံလာရင်လည်း
ကျွန်တော်တို့နှစ်ယောက်ဘေးမှာ YuYu တွေ Samun တွေ Peraya Air Fandom ကြီးတခုလုံး
ရှိနေပါတယ်ဆိုတာမျိုး Kit ကို သတိပေးနေမိမှာ ..

အဲ့လို မိုးသည်းနေတိုင်း
အဲ့လို Kit အခက်အခဲတွေကြုံလာတိုင်း
အဲ့လို Kit နားခိုစရာလိုလာတိုင်း

You can stand under my umbrella 🎼

ကျွန်တော့်ထီးရိပ်လေးက သူ့အတွက်ရှိနေပေးမှာ ..
သူ ကျွန်တော့်ထီးအောက်မှာ
ခဏလာခိုလုံဖို့ကြိုနေမှာ။

Peraya Project SKWhere stories live. Discover now