U : String - 1

207 18 0
                                    


The Red String Between Us

" ဒီနေ့ မင်းမွေးနေ့ပဲဟာကိုကွာ .. ငါ့ဆန္ဒလေးကို
ဖြည့်ဆည်းပေးရင် ဘာဖြစ်သွားမှာမို့လို့လဲ  "

စားပွဲခြေထောက်ကို ခြေထောက်နဲ့လှမ်းကန်ရင်း
ဂျီကျနေတဲ့ Nai ကို တစ်အုပ်စုလုံးက မနိုင်ဘူးဆိုတဲ့
ပုံစံနဲ့ ရွဲ့ပြီး ရယ်ကြတယ်။ ဒီနေ့က ကိုယ့်မွေးနေ့ဆိုလို့ တစ်အုပ်စုလုံး မနက်အစောကြီးတည်းက အိမ်ကို
ရောက်လာကြပြီး အခန်းပိတ်သောက်စား
သောင်းကျန်းနေကြတာ။ ဒါကိုတောင် မွှေလို့မဝသေးဘဲ Nai ဆိုတဲ့ ရှေ့ဖြစ်နောက်ဖြစ် အကုန်
ဖြစ်တွေမှာ ဝါသနာထုံတဲ့ကောင်က ရှေ့ဖြစ်ဟော
ဆရာဆီကိုသာ ခုချက်ချင်း သွားဖို့ ပူဆာနေတယ်။

" Krist မွေးနေ့ပါဆိုမှ သူဖြစ်ချင်တာကို ငါတို့က
ပြန်လုပ်ပေးရမှာမဟုတ်ဘူးလား။ ပြီးတော့
မင်းပြောတဲ့ဟာကြီးကို ငါတို့မှ မယုံတာကွာ "

" မင်းတို့ကို မပြောပါဘူးနော်။ ခေါ်သွားရင်တောင်
ငါ့ဆရာမကြီးကို ရှေ့ထားပြီး အတင်းပဲထိုင်ပြောနေ
ကြမယ့်ကောင်တွေမို့လို့ မခေါ်ရဲပါဘူး။ ..
ခုက Krist ကိုပဲပြောတာ "

Zero ရော One ရော ပြီးတော့ ကိုယ်ပါ တကယ်ကို ဒီလိုကိစ္စတွေ မယုံပါ။ မွေးနေ့မှာတောင်
ဒီဝါသနာအိုးတစ်ကောင်ကြောင့် အိမ်မှာ
ကောင်းကောင်းတောင် ဖီးလ်အပြည့်မယူရ။

Mae နဲ့ Nai က တပုံစံတည်းပဲ။
ဗေဒင်လက္ခဏာရှေ့ဖြစ်ဟောတွေ ယုံစားလွန်းတဲ့ Mae က သူမယုံကြည်ရတဲ့သူတစ်ယောက်က
ဟောလိုက်လို့ပါဆိုပြီး လွန်ခဲ့တဲ့ ၁၉ နှစ်လုံးလုံး
မွေးနေ့ကို အိမ်မှာပဲလုပ်ပေးခဲ့တာ ခုချိန်အထိ။
အသက် ၂၁ ပြည့်မွေးနေ့မှ အပြင်ထွက်လုပ်ချင်လုပ်
ဆိုလို့ အောင့်အီးငြိမ်သက်ခဲ့ရပေါင်းလည်း များခဲ့ပြီ။ Mae ရှင်းပြဖူးတာတော့ ကိုယ်ကပဲ ရှေးဘဝက
နေရတဲ့ကံဇာတာမြင့်ခဲ့သလောက် အချစ်ရေးနဲ့
ပတ်သက်လာရင် ကံခေခဲ့ရလို့ ခုဘဝထိ အဲ့ကံမပါအောင် ဒီလိုလုပ်ရတာပါတဲ့လေ ။

" လာပါကွာ .. နော် မင်း သူမမှန်ရင်
ကြိုက်သလောက် ငါ့ကို ဆဲကွာ ရိုက်ကွာ ထိုးပစ်ကွာ။ မင်းတို့လည်း Mae Pann က Krist ကို
မွေးနေ့ရောက်တိုင်း အပြင်ထွက်ခွင့်မပေးတဲ့ကိစ္စကို သိချင်ကြတာပဲ မဟုတ်ဘူးလား ? "

Peraya Project SKWhere stories live. Discover now