🍁13🍁 [ Zawgyi ]

159 21 0
                                    

ကျိုးချန် - Woo အရမ်းလှတာပဲ။ အား!!!  ခွမ်းကော ဓာတ်ပုံရိုက်ပေး

သူ့လက်ထဲ ဖုန်းကြီး ထိုးပေးကာ ဓာတ်ပုံရိုက်ပေးဖို့ အတင်းပြောနေသော ကောင်လေး။အခန်းထဲမှာ  နားတောင်မနားပဲ ကမ်းခြေကို ထွက်လာကာ အတင်းကို ဓာတ်ပုံရိုက်ခိုင်းနေတတာပဲ ..

ဟိုက်ခွမ်း - ပေး ပေး

ဖုန်းကို ဆွဲယူပြီး ဓာတ်ပုံရိုက်ပေးဖို့ လုပ်တော့ အမယ်လေး သူက ရှပ်အင်္ကျီကြယ်သီးကို ၃လုံးလောက်ဖြုတ်ပြီး Pose ပေးတာ ကြမ်းတာ!

- ဟိတ် ဟိုဟာက လျှိုဟိုက်ခွမ်း ကြီးမလား။

- အား သူတို့ လင်လင် Honey Moon ထွက်လာတာလား။

- သူ့ အမျိုးသားကလည်း မိုက်တယ်ဟ။ ချောလိုက်တာ။

- ငါတော့ သူ့အမျိုးသားကိုပဲ ဝှိုက်တော့မယ်

တစ်ချို့ ကောင်မလေးတွေရဲ့ စကားကို ကြားပြီး ဟိုက်ခွမ်း မျက်မှောင်ကြုတ်သွားသည်။

ဘာလဲ အခု သူ့ယောကျာ်းကို OOC ချင်နေကြတာလား။

ဟိုက်ခွမ်း ဖုန်း ကင်မရာကို ပိတ်ကာ ကျိုးချန် အနားသွားပြီး

ဟိုက်ခွမ်း - ပြန်မယ် အားချန်

ကျိုးချန် - ဘာတုန်း ဓာတ်ပုံ ရိုက်ပေးအုံးလေ။

ဟိုက်ခွမ်း - ညနေမှ ဆက်ရိုက်။ အခုတော့ နားရအောင် ကွာ။

ကျိုးချန် - အာ နားချင် ကိုယ့်ဘာသာ နားကွာ။

ဟိုက်ခွမ်း - အားချန် က လိမ္မာတယ်ကွာ မဆိုးနဲ့ကွာ။

အတင်းကို အခန်းထဲဘာလို့ ခေါ်နေတာလဲ ဆိုပြီး ပတ်ဝန်းကျင်ကို ကြည့်တော့ သူရဲ့ fan တွေ ထင်ပါ့။ အဟစ် အဟစ် ၀မ်ကျိုးချန် ကို ဒါမျိုး လာလုပ်လို့ မရဘူး။

ကျိုးချန် သဲပြင်ပေါ် ထိုင်ချကာ

ကျိုးချန် - လျှိုဟိုက်ခွမ်း ခင်ဗျား မယုတ်မာနဲ့။ ခင်ဗျား ဆန္ဒကို မနေ့ညက တစ်ညလုံး လိုက်လျောပြီးပြီ ကို အခု ဘာလို့ လာတောင်းနေပြန်တာလဲ။ ကျွန်တော့် ကို သနားပါအုံးပါ။ ခင်ဗျားကြောင့် မသေရုံတမယ်ပဲ။

- ဟင် ဘာစကားတွေတုန်း!

- ငါတို့ အစ်ကိုကလည်း  ကလေးကို အဲ့လောက်ထိ မလုပ်သင့်ပါဘူး။

ချစ်ခွင့်ပြုတော့ကွယ် / ချစ်ခွင်ပြုတော့ကွယ် { Uni & Zawgyi} [Completed ]Where stories live. Discover now