🍁23🍁 { Zawgyi }

148 18 19
                                    

ဟိုက်ခွမ်း လျှိုအိမ်တော်ကို ရောက်တော့ ဧည့်ခန်းထဲမှာ ထိုင်နေသော ပါးနဲ့ မား၊ ဟိုင်မေ ကတော့ အိမ်တွင်းစိုက်ထားတဲ့ ပန်းအိုးစင် နားမှာ ကုပ်ကုပ်လေး ရပ်နေရာမှ သူ့ကို တွေ့တော့ အပြေးလာကာ

- ကော

ဟိုက်ခွမ်း - အင်း

- ကော တောင်းပန်ပါတယ်။ မား တို့ မားတို့ ယွင်အာကျဲ အကြောင်း သိသွားပြီ။

ဟိုက်ခွမ်း - ဘာ!! လျှိုဟိုင်မေ  နင်!!

ညီမဖြစ်သူကို ရိုက်ဖို့ လက်ကို ရွယ်လိုက်ချိန်

- ရပ်စမ်း ဟိုက်ခွမ်း!! မင်း လက်ကို အခုချက်ချင်းချလိုက်။

ဟိုက်ခွမ်း - ဟုတ်  မား။

ဟိုက်ခွမ်း လက်ချလိုက်ပြီး လွတ်နေသော မား နဲ့ ဘေးမှာ ၀င်ထိုင်လိုက်သည်။

- ​သား! ခွမ်းအာ ပါးတို့ကို ပြော၊ တကယ်ပဲ ကျိုးချန် ကြောင့် ယွင်အာ သေသွားရတာလား။

ဟိုက်ခွမ်း ခေါင်းငြိမ့်ပြလိုက်တော့ လျှိုကတော်ရဲ့ ရိုက်နှက်ချက်တွေက ဟိုက်ခွမ်း ကိုယ်ပေါ်

- လူဆိုးကောင်!! မင်း ဘယ်လို စိတ်နဲ့ ကိုယ့်အစ်မ ကို သတ်တဲ့ လူကို ရွှေလမ်း ငွေလမ်းခင်းခိုင်းတာလဲ ဟမ်။ ဘယ်လိုစိတ်နဲ့  မင်း သူ့ကို ပေါင်းဖက်နေတာလဲ။

ဟိုက်ခွမ်း - ကျွန်တော် သူ့ကို ချစ်လို့ပါ။ ကျွန်တော့် ဘ၀မှာ သူမရှိရင် မဖြစ်တော့လို့ပါ။ ကျွန်တော် တောင်းပန်ပါတယ် မား။

- အား!! သနားစရာကောင်းတဲ့ ငါ့သမီးလေး။ မင်း ဘယ်လိုစိတ်နဲ့များ ပျော်နေရတာလဲ။ ချန်ရီ ကို နည်းနည်းလေးလောက်တောင် အားနာမှု မရှိဘူးလား။

ဟိုက်ခွမ်း - ......

- မင်း သူနဲ့ ကွာရှင်းဖို့ ပြင်ထား

ဟိုက်ခွမ်း - မား!!! ကျွန်တော် မလုပ်နိုင်ဘူး။ ကျွန်တော် အားချန် ကို ချစ်တယ်။ ကျဲကျဲ သေရတာကလည်းမတော်တဆကြောင့်လေ။ တမင် သတ်ခဲ့တာမှ မဟုတ်တာ။ ကျွန်တော် လုံးဝနော်။ လုံးဝ မကွာရှင်းဘူး။

-အေး မင်း မကွာရှင်းရင် မင်းအနားက သူထွက်သွားအောင် ငါလုပ်မှာ။ သူ့မျက်နှာ မြင်ရင်ကို ငါ့သမီး ကို ငါ လွမ်းမှာ။ ကိုယ့်သမီးတစ်ယောက်လုံးကို သတ်သွားတဲ့ လူသတ်သမားကိုတော့ သမက်အဖြစ် မတော်ချင်ဘူး။

ချစ်ခွင့်ပြုတော့ကွယ် / ချစ်ခွင်ပြုတော့ကွယ် { Uni & Zawgyi} [Completed ]Where stories live. Discover now