🍁18🍁 [ Unicode ]

273 38 4
                                    

ကျိုးချန် - ဒါ ညီမနေရမဲ့ အခန်း။

- ကျေးဇူးပါ ယောက်ဖ။ ညီမလို့ မခေါ်နဲ့ ညီလေးလို့ခေါ်။

ကျိုးချန် - အမ်!!

ကြောင်တောင်တောင်လေး ဖြစ်နေသော ကျိုးချန် ကို လျှိုဟိုင်မေ က ကြည့်ကာ ခပ်ရေးရေးလေး ပြုံးလိုက်သည်။

- အဟင်း နောက်တော့ သိမှာပါ။

ကျိုးချန် - အော် ဟုတ်ကဲ့။ လိုတာ ရှိရင် ပြောပါနော်။

- ရပါတယ်။ ယောက်ဖလည်း နားချင် သွားနားတော့လေ။ ကျွန်တော် တရေးလောက် အိပ်လိုက်အုံးမယ်။

ကျိုးချန် - အင်း အင်း ကျွန်တော် စာကြည့်ခန်းထဲမှာ ရှိနေမယ်။

ကျိုးချန် စာကြည့်ခန်းထဲ ၀င်သွားမှ လျှိုဟိုင်မေ လည်း တစ်အိမ်လုံးမှာ CCTV တွေ လိုက်တပ်လိုက်သည်။ အကြောင်းမှာတော့ လင်လင်နှစ်ယောက် အခြေအနေကို သိရအောင် မွေးသမိခင်တို့က လွှတ်လိုက်တာမို့။

- ဟူး ငါ့ ဘ၀ကလည်း ဖြစ်ချင်တဲ့ စုံထောက်ကျ မဖြစ်ရပဲ မဖြစ်ချင်တဲ့ စုံထောက်မှ လာဖြစ်ရတယ်လို့။ မလွယ်ကူလိုက်တာ။

လျှိုဟိုင်မေ ညည်းညူကာ ပြောဆိုလိုက်ပြီး သူ့အတွက် လုပ်ပေးထားသော အခန်းထဲ ၀င်လာလိုက်သည်။
%
%
%
📞ရောက်နေပြီ ခနကတော့ အိပ်မယ်ပြောတယ်။ 📞

📞.....📞

📞အင်းပါ။ စိတ်ချပါ။ အပြန်ကျရင် ကြက်ကြော်နဲ့ ဘီယာ ၀ယ်ခဲ့။ ဧည့်သည်ကို ကြိုဆိုရမယ် မလား။📞

📞.......📞

📞Omm omm..Fighting📞

ကျိုးချန် ဖုန်းချလိုက်ပြီး သန်ဘက်ခါ ကျောင်းတတ်ဖို့ အတွက် လိုအပ်တာတွေ ပြင်ဆင်နေလိုက်သည်။ အခုတစလော ပြဿနာတွေကြောင့် ငြိမ်နေပေမယ့် ကျောင်းတတ်ရင် ဘယ်လို မွှေရမလဲ ဆိုတာ Plan ဆွဲလို့နေသည်။

အစပိုင်းက ကျောင်းပြောင်းကာစမို့ ငြိမ်နေတာ ဒီနှစ်တော့ အဟွန်း အဟွန်း!!

ကိုယ့်အတွေးနဲ့ ကိုယ် သဘောတွေကျပြီး ယွီပင်း တို့ကိုပါ ဖုန်းခေါ်တာ ထိုအကြောင်းပြောတော့ ဟို၂ကောင်က ကျွန်တော့်ကို ဆဲပါလေရော...

ချစ်ခွင့်ပြုတော့ကွယ် / ချစ်ခွင်ပြုတော့ကွယ် { Uni & Zawgyi} [Completed ]Where stories live. Discover now