PART-6💚

335 37 7
                                    

MY BEST PARTNER

(Unicode)

ကျနော် မျက်စောင်းထိုးက ဝိုင်းကိုကြည့်မိတော့ Gun နဲ့ New တို့

နောက် သူတို့နားလူတစ်ယောက်ရောက်လာပြီး Gun ကို ဖက်ပြီး ဘာတွေပြောနေတာလဲမသိပေမဲ့

သူတို့ပုံစံက မသိရင် သမီးရည်းစားတွေလိုပဲ

ဘေးကWhiteဘာပြောနေလဲ ကျနော်မသိလိုက်ဘူး

ကျနော်မကြိုက်ဘူး ကျနော်ကလွဲလို့ Gunအသားကိုတခြားယောကျာ်းလေးတွေထိတာကိုင်တာ

သူကယောကျာ်းလေးဆိုပေမဲ့လဲပေါ့

ဒါကလည်းသူနဲ့လက်ထပ်ပြီးတဲ့ သုံးလအတွင်း သူ့အပေါ်ညီလေး အရင်းလို ချစ်လို့

ဟုတ်တယ် ညီလေးလိုချစ်လို့ ဒီ​လောက်ချစ်စရာကောင်းတဲ့ညီလေးကို ဘယ်သူမှထိတာကိုင်တာမကြိုက်ဘူး

ကျနော်သူ့ကိုချစ်တာ ညီလေး လိုပဲ ကျနော်ကမိန်းကလေးလှလှလေးတွေပဲကြိုက်တာ

Cool ဆိုတဲ့ကောင်မလေး နဲ့နမ်းခဲ့မိတယ် နောက်ဟိုဘက်ဝိုင်းကိုကြည့်တော့ Gun မရှိတော့ဘူး

Off:"ဒီလောက်ဆိုလုံလောက်ပြီ ကိုယ်သွားတော့မယ်အလှလေး"

Cool:" ချက်ချင်းကြီးလား "

Off:"အင်းဟုတ်တယ် ဒါကိုယ့် line acc "

Cool:"okayလေ နောက်တွေ့ကျတာပေါ့"

Whiteကိုတောင်မေ့မေ့လျော့လျော့ထားခဲ့မိတယ်
................................................................................

"မင်းလူတစ်ယောက်လုံးတောင်မမြင်ဘူးလား"

"Sorry"

"ဒီလောက်နဲ့ရရောလား "

"ဒီလောက်နဲ့မရလို့ ဘာဖြစ်ချင်လဲကွာ"

ခွပ်!!!!

စကားလည်းဆုံး ပါးပြင်က ပူထူစွာ အထိုးလည်းခံရ

ကိုယ့်ဘာကိုယ်တောင်မူးနေတာအနိုင်နိုင် သူတို့ကအုပ်စုလိုက် ကိုယ်ကတစ်ယောက်

"ချီးပဲကွာ!!"

အပြန်အလှန်ထိုးပေမဲ့အများနဲ့တစ်ယောက်လေ နောက်ကျနော် အိမ်ကိုဘယ်လိုပြန်ရောက်သွားလဲမသိဘူး

My Best PartnerWhere stories live. Discover now