Part-9💚

324 36 4
                                    

MY BEST PARTNER💚

(Unicode)

ဒီနေ့ကစပြီး Papiiကိုမချစ်တော့ဘူး

မူးဝေတဲ့ခေါင်းကိုက်မှုနဲ့အတူ နိုးထလာတဲ့မနက်ခင်း

အာ့!

ထိုးကိုက်လာတဲ့ခေါင်းကိုဖိကိုင်ရင် အရက်ကရန်သူပဲ ဝေါ့ အန်ချင်လိုက်တာ

အိပ်ယာပေါ်က ကုန်းရုန်းထလာမိပါသည်

အခန်းထဲလည်းဘယ်သူမှမရှိဘူး

လေးလံနုံချိမှုကိုခံစားနေရပေမဲ့ရေချိူးခန်းထဲကို ထတော့ပြေးမိတယ်

ဝေါ့ အော့ အော့ !!!

"အဆင်ပြေရဲ့လား အဆိုးလေး"

လှည့်မကြည့်ပဲတောင်အလွတ်မှတ်မိနေတဲ့အသံ

ကျောကိုဖွဖွလေးပွတ်ပေးရင်း သူထံမှနောက်ထပ်စကားက

"ဘာလို့မသောက်တတ်ပဲသောက်ရတာလည်းကလေးရဲ့ ကိုယ်ကစိတ်ပူနေတာ ဘာလို့ barကိုတစ်ယောက်ထဲသွားတာလဲ ကိုယ်လိုက်ခဲ့မှာပေါ့"

ဪသူ့ကိုစိတ်ဆိုးပြီး barသွားသောက်ပါတယ်ဆိုမှ သူ့ကို P'Off ခင်ဗျားကျနော်နဲ့ အရက်တူတူသောက်ကြမလားခင်ဗျားခေါ်ရမှာလား

ဒီနေ့သူဘာဖြစ်နေလဲ ခေါင်းများရိုက်ခွဲခံထားရလားမသိဘူးGunရဲ့အတွေးထဲ၌တွေးမိပါသည်

"ဘာလဲကိုယ့်ပါးစပ်နဲ့ကိုယ်သောက်တာ လေ  ကျနော်လုပ်သမျှခင်ဗျားကို ပြောပြရမှာလား ကျနော်တနေ့ထမင်းဘယ်နှစိစားပြီး အိမ်သာဘယ်နှခါသွားတယ်ကအစလေ"

"အဆိုးလေးကလည်း ကိုယ်ကစိတ်ပူလို့ကို" ဆံပင်လေးကိုဖွပေးလျက်

"ဘာတွေစတန့်ထွင်နေတာလဲ"

"ကိုယ်ယူထားတဲ့ယောကျာ်းရဲ့ဆံပင်ကိုဖွတာဘာကိုစတန့်ထွင်ရမှာတုန်းအဆိုးလေးရ"

"ဝေါ့ အရက်သောက်ထားတဲ့အရှိန်ထပ်တောင် အန်ချင်တယ် လွန်ခဲ့တယ်၁၀နှစ်ကစားထားတာတွေပြန်ထွက်ပါပြီ"

"တကယ်မနိုင်စိန်လေး မျက်နှာလေးတောင်ဖျော့တော့တော့နဲ့ "

"ကျုပ်ကိုကြည့်ပြီးဝေဖန်ရေးတွေလေဖန်ရေးတွေလုပ်မနေနဲ့ထွက်ရေချိုးမို့"

My Best PartnerWhere stories live. Discover now