အပိုင်း 1 (uni)

67 5 2
                                    

ကျောင်းအိပ်ကျောင်းစားသဘောကျောင်းတစ်ကျောင်း
ကျောင်းထဲရှိဘောလုံးကွင်းတွင်လည်း ကောင်လေးများဘောလုံးကန်နေကြသည်
ထိုဘေးနားမှဖြတ်လျှောက်လာသောဆရာ နောက်မှလိုက်ပါလာသောကောင်လေးတစ်ယောက်
ထိုကောင်လေးက ခရီးဆောင်အိတ်လေးတစ်ခုကိုဆွဲလာသည်
အနှီကောင်လေး၏လမ်းလျှောက်လာသည့်ခြေထောက်တစ်စုံက ဖြူပြီးရှင်းသန့်လို့နေသည်
သွယ်လျပိန်ပါးနေသောခန္ဓာကိုယ်ပေါ်မှာ ထိုင်းနိုင်ငံတော်၏ကျောင်းဝတ်စုံကလေးကိုဝတ်ဆင်ထားသည်

'' ဒါက ကန်တင်းပဲ
လူတိုင်က မနက်၇နာရီမှာထမင်းစားဖို့လာကြတယ် ည၆နာရီမှာညစာစားဖို့လာကြတယ်''

ဆရာကရှင်းပြတော့ ထိုကောင်လေးကခေါင်းညိမ့်ပြသည်
ထို့နောက်ထိုကောင်လေး၏မြင်ကွင်းထဲကိုနောက်ထပ်ကောင်လေးတစ်ယောက်ဝင်လာသည်

''သူ့နာမည်က Sun , သူလည်းကျောင်းသားအသစ်ပဲ
သွားရအောင် ဆရာ မင်းတို့အိပ်ခန်းကိုလိုက်ပြမယ် သူ့ဘေးမှာအိပ်လိုက် ဒါဆိုပြဿနာမရှိတော့ဖူး နှစ်ယောက်လုံးကနှစ်ဝက်မှပြောင်းလာတာဆိုတော့ အဆင်ပြေအောင်တော့နေကြပေါ့''

ဆရာကအိပ်ခန်းကိုလိုက်ပြတော့ sunကနောက်ကလိုက်လာတယ်

''ဒါက မင်းတို့ရဲ့အိပ်ခန်းပဲ
ဘယ်နေရာမှာနေကြမယ်ဆိုတာတော့ မင်းတို့ဘာသာဆုံးဖြတ်ကြ
ပစ္စည်းတွေမြန်မြန်နေရာချပြီး အတန်းထဲသွားတော့ နောက်မကျစေနဲ့''
ပြောပြီးတာနဲ့ ဆရာကထွက်သွားတယ်

sunဆိုတဲ့ကောင်လေးက ပစ္စည်းတွေကိုသူ့နေရာသူဖြစ်အောင် နေရာချတယ်

''မင်းနာမည်က Sunမလား
ငါကOzoneပါ
မင်းဒီလိုကျောင်းမျိုးအရင်ကတတ်ဖူးလား
ငါတော့မတတ်ဖူးဖူး
နေရာကလဲ ကြောက်စရာကောင်းတယ်''

အခုနကဆရာနောက်ကနေငြိမ်ငြိမ်လေးလိုက်လာတဲ့သူကသူမဟုတ်သလိုမျိုး စကားအများကြီးပြောခဲ့တယ်
ဒါပေမယ့် sunဆိုတဲ့ကောင်လေးကသူ့ကိုတစ်ချက်သာကြည့်လိုက်ပြီးတော့စာသင်ခန်းဘက်ကိုထွက်သွားပြီဖြစ်တယ်

''သူကစကားများမပြောတတ်ဖူးလား
ဘာလို့ငါကိုစကားပြန်မပြောတာလဲမသိဖူး......''

Would you be my love?Where stories live. Discover now