[19]

3.8K 773 14
                                    

[Unicode]

အနုပညာရှင်စိတ်ဓါတ်နှင့် လမ်း​မှားသွား​သော ပြာကလူးစိန်​လေး

သူဖုန်းချလိုက်ပြီး​နောက် မုချိုး မေးလိုက်သည်။"ဘယ်သူ​ခေါ်တာလဲ?"

"ရုပ်ရှင်​တွေအ​ကြောင်း ဘာတစ်ခုမှ မသိတဲ့ လူပြိန်းတစ်​ယောက်!"

ထုတ်လုပ်ရေးသမားတိုင်းရဲ့!

လက်​ထောက်ဒါရိုက်တာက!

အခွင့်အာဏာသုံးပြီး!

အနုပညာဝိညာဥ် မရှိတဲ့လူ​တွေကို!

အတင်းအကြပ်!

ထုတ်လုပ်ရေးထဲကို ထည့်ကြတယ်!

ဒါက အနုပညာကို!

အ​ရောင်စွန်းစေတယ်!

"ဘယ်လိုလူမျိုးက မင်းကို ဒေါသထွက်​အောင် လုပ်လိုက်တာလဲ?"မုချိုး သူ့ရဲ့​နောက်​ကျော​လေးကို  စိတ်ငြိမ်အောင် ပုတ်​ပေးလိုက်သည်။
နှောင့်ယှက်မယ့်သူမရှိဘဲ ထိ​တွေ့ ပွတ်သပ်ခွင့်ရမယ့်အခွင့်အရေးကို အရယူပြီး သူ့ကို အသားယူ​နေလိုက်သည်။

သို့ပေမယ့် ကျုံးလီဖုန်းပိုင်ကတော့ ဒါကို ဂရုမထားမိပေ။သူ ဒေါသတကြီးဖြင့် "ရုပ်ရှင်​ကားကောင်း တစ်ကားထွက်လာဖို့ ဘယ်အရာ​တွေက အ​ရေးကြီးဆုံးလဲ,သိလား ?"

"ကျိန်း​သေ​ပေါက် ဒါရိုက်တာပေါ့!" မုချိုးက အလျင်အမြန်ကို ပြောလိုက်ပြီး အတတ်နိုင်ဆုံး ချီးမွမ်းလိုက်သည်။

"မဟုတ်ဘူး!"ကျုံးလီဖုန်းပိုင် သူ့ထိုင်ခုံပေါ်က​နေ ထလိုက်ကာ သူ့အကြည့်​တွေက စူးရှ​နေပြီး အနုပညာအ​ပေါ်မှာ သစ္စာရှိတဲ့ အလင်း​ရောင်​တွေနဲ့ တောက်ပ​နေ၏။

"တကယ် အ​ရေးကြီးဆုံးအရာက! ရိုးသားဖြူစင်မှုပဲ!"

"မှန်တာ​ပေါ့!"မုချိုး လက်ခုပ်ထတီးလိုက်သည်။
ကိုယ်လည်း မင်းရဲ့ ရိုးသားဖြူစင်မှုကို ကြိုက်တယ်!

"လက်​ထောက်ဒါရိုက်တာက တကယ်ပဲ သူ့တူဖြစ်သူကို ဒီသန့်ရှင်းမှုအပေါ်မှာ အ​ရောင်စွန်းပြီး ညစ်ညမ်းစေချင်နေတာပေါ့! ” ကျုံးလီဖုန်းပိုင်ရဲ့ မျက်နှာက အနီ​ရောင်ဘက်ကို ပြောင်း​နေ​ပြီ။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now