008. [ M ]

4.7K 165 4
                                    



သုံးလကြာပြီးနောက်...

ချစ်ဇနီးလေးကို နှင်းဆီပန်းဝယ်ပေးဖို့ ပန်းဆိုင်သို့ဦးတည်လိုက်တယ်။ ဒီည အိမ်မှာ Dinner date လုပ်မှာဆိုတော့။

တံခါးကနေ ထမင်းစားခန်းအထိ ဖယောင်းတိုင်ထွန်းထားပြီး မီးပိတ်ကာ ချစ်ဇနီးလေးပြန်အလာကို စောင့်နေလိုက်တယ်။

ခဏအကြာ တံခါးဖွင့်သံကြားပြီး Irene ဝင်လာတယ်။

Irene, ပြင်ထားတာတွေကြည့်ပြီး တစ်ယောင်တည်း ခေါင်းစားနေတယ်။

ဒီနေ့က ဘာနေ့လဲ? နှစ်ပတ်လည်လား။ လက်ထပ်ထားတာ တစ်နှစ်တော့မရှိသေးပါဘူး။

ဖယောင်းတိုင်ထွန်းထားတဲ့အတိုင်းလျှောက်လာကာ ထမင်းစားခန်းထဲရောက်လာတယ်။

" Seul, ဘာလုပ်ထားတာလဲ ဟန်နီ"

" ကိုယ်တို့နေ့လေ။ လက်ထပ်တာ သုံးလပြည့်လေ ခလေး"

" အရူး! သုံးလပြည့်လေးကို လုပ်စရာမလိုပါဘူး"

" ရား Irene, ရိုမန့်တစ်ဆန်အောင်လုပ်ပါတယ်ဆိုမှ.. ဝမ်းနည်းသွားပြီကွာ"

ဆူးလ်, ထမင်းစားခန်းထဲကထွက်ခဲ့ပြီး မီးဖွင့်လိုက်တယ်။

Irene က သူ့ခါးကိုနောက်ကနေဖက်တွယ်လာပြီး ပခုံးပေါ်သို့နမ်းလိုက်ကာ

" ဟန်နီကလဲ... တောင်းပန်ပါတယ်နော်.. ခလေး မကြိုက်ဘူးလို့ပြောတာ မဟုတ်ဘူးလေ.. ဟန်နီနဲ့ ရိုမန့်ဆန်ဆန်လုပ်ရတာကြိုက်ပေမယ့်လဲ နည်းနည်းလေးရှက်နေသလိုဖြစ်လို့ပါ။နော်~~ "

" ခလေးက မုန်းစရာကောင်းလိုက်တာ။ အမြဲတမ်းကိုယ့်ကို စိတ်တိုအောငိလုပ်ပြီး စိတ်မဆိုးရက်အောင်ပြန်ပြန်ချော့နေတာ"

Irene, နဲ့မျက်နှာချင်းဆိုင်လိုက်၍ ညင်သာစွာနမ်းရှိုက်လိုက်သည်။

ကျွန်မ ဇနီးက အရှက်ကြီးပြီး၊ လူတွေရှေ့မှာလဲ နူးညံ့မပြတတ်ဘူး။ ဒါပေမယ့် စိတ်နှလုံးသား နူးညံ့တဲ့လူပါ။

" ရုံးမှာ ပင်ပန်းလာတယ်မလား? ညစာသွားစားစို့လေ "

ညစာစားပြီးတော့ ကျွန်မဝယ်လာခဲ့တဲ့ စိန်လည်ဆွဲကို ကျွန်မဇနီးအား ပေးလိုက်သည်။

Marry The Devil Woman [ g!p ] ( Myanmar Translation )Where stories live. Discover now