010.

2.3K 147 2
                                    



Seulgi Prov,

ရုံးခန်းထဲမှာ စာရွက်စာတန်းတွေစစ်ဆေးနေတုန်း ဒယ်ဒီကရုတ်တရက်ဝင်လာတယ်။

" မောနင်း.. Ddeulgi "

" ဟုတ်, ဒယ်ဒီ မောနင်း.. ဘာကိစ္စရှိလို့ ရုံးခန်းထဲထိရောက်လာရတာတုန်း"

" ငါ့ရုံးပဲ ငါလာချင်သလို လာလို့ရတာပဲလေ။ ကြည့်ပါအုံး သမီးရဲ့အဝတ်အစားတွေ အရင်ကထက် သပ်သပ်ရပ်ရပ်ရှိနေပါ့လားSeulgi "

ကျွန်မလည်း ကိုယ့်ဝတ်စုံကိုယ် ငုံ့ကြည့်ပြီး တိတ်တိတ်လေးပြုံးလိုက်မိတယ်။

" ဟုတ်တယ်။ မိန်းက လျှော်ဖွပ်ပြီး မီးပူထိုးထားပေးတာလေ "

" အိုင်းရင်းလား? "

" မဟုတ်ဘူး"

" တခြားမိန်းမတစ်ယောက်ရှိနေသေးတာလား Kang Seulgi "

ဒယ်ဒီကအပြူးသားမေးလာတယ်။

" မဟုတ်ဘူး။ သမီးရဲ့မိန်းမက Kang Joohyun ကြီးကို"

" ဘယ်လိုလဲ မင်္ဂဆောင်ပြီး နောက်ပိုင်းအခြေအနေလေး? သူ့ကို ချစ်နေပြီလား? "

" ပြောပြလို့မရဘူးလေ ဒယ်ဒီကလဲ "

အဖေ့ကို မဲ့ပြုံးပြုံးပြပြီး စာရွက်စာတမ်းတွေဆက်ကြည့်နေလိုက်တယ်။

" ရတယ်လေ.. ငါလည်းမသိချင်ပါဘူး.. အဓိကက မြေးလေးမွေးပေးဖို့ပဲ "

" ရား.. ဒယ်ဒီကလည်း.. သမီးတို့က အခုထိကလေးယူဖို့ အစီအစဉ်မရှိသေးဘူး.. ပြီးတော့ သမီးမိန်းမက စက်ရုပ်မဟူတ်ဘူးနော်"

" အိုး..အို... ကြည့်ရတာတစ်ယောက်ယောက်ကတော့ သူ့မိန်းမကို ကာကွယ်ပေးနေတာပဲ.. ဟီး"

အဖေ့ရဲ့စနောက်မှုကြောင့် ကျွန်မမှာရှက်သွေးတောင်ဖြာရတယ်။

" ဘာပဲဖြစ်ဖြစ်လေ.. သူက သမီးရဲ့ဇနီးပဲကို ကာကွယ်ပေးရမှာပေါ့"

" နှစ်ယောက်သား sex လုပ်ပြီးကြပြီလား"

" အဲ့တာ ဒယ်ဒီသိစရာလိုလို့လား?... သမီးတို့ရဲ့လျှို့ဝှက်ချက်ကို"

( ဒယ်ဒီကလဲအတင်းတွေပဲ)

" သမီးမပြောပြရင်တောင် လည်ပင်းမှာ အမှတ်ရာတွေ တွေ့နေရပါတယ်နော်.. မနေ့ည ချွေးမလေးက တော်တော်ဆိုးခဲ့တယ်နေမှာ.. ဟမ် "

Marry The Devil Woman [ g!p ] ( Myanmar Translation )Where stories live. Discover now