[20]

3.9K 773 15
                                    

[Unicode]

နေရာတစ်​နေရာရဲ့ အလယ်မှာနှင့် လူ​ကောင်းတစ်​ယောက်

"ကျွန်​တော်တို့ ဧည့်စင်တာဆီကို ဖုန်း​ခေါ်လိုက်ရမလား?" ဆုနို မေးလိုက်သည်။
အိုးရန်လုံ မတ်စောက်နေတဲ့တောင်စောင်းပေါ်ကို တက်ဖို့ ကြိုးစားသော်လည်း မတ်တပ်ရပ်သည့်အမြင့်လောက်ကိုသာ တက်နိုင်သည်ကို တွေ့ခဲ့ရ၏။

ဆုနိုကို ညီမျှခြင်းထဲ ထည့်လိုက်မယ်ဆိုရင် တက်နိုင်ဖို့အခွင့်အလမ်းက သုညပင်။

ထို့ကြောင့် ခေါင်းညိတ်ပြီး ဖုန်းကိုသာ ထုတ်လိုက်၏.....ဖုန်းစက်ခရင်အမည်း​ရောင်က ဖုန်းနဲ့ကိစ္စပျက်ပြီကို ပြ​​နေသည်။

"ကျွန်တော့်ဖုန်းကိုသုံး " ဆုနို သူရဲ့ ဘောင်းဘီအိတ်ထဲကို အလျင်အမြန် လက်လှမ်းလိုက်သည်နှင့် အူကြောင်ကြောင် ပြန်ကြည့်ကာ...."ဟမ်...ကျွန်​တော့် ဖုန်းဘယ်မှာလဲ!"

အိုးရန်လုံသည် ခဏမျှအေးခဲသွားပြီး "ဖုန်း ပျောက်သွားတာလား?"

သေစမ်း!!သူ တကယ်ကြီး ပျောက်သွားတာပဲ!
ဒါ လုံးဝ အဓိပ္ပါယ်မရှိဘူး!ဒီလို ဖြစ်ရပ်မျိုး​တွေက ရုပ်ရှင်ထဲမှာပဲ ရှိတာ​လေ!

လိုက်ဖမ်းနေတဲ့ စစ်သား​တွေလက်ထဲက​နေ ပုန်းဖို့အတွက် ဇာတ်လိုက်က တူး​မြောင်းထဲကို ဝင်လိုက်မယ် ပြီးရင် ကောင်းကင်ကို အကူအညီ​တောင်းမယ် ကောင်းကင်က ပြန်မ​ဖြေဘူး သူ ကမ္ဘာမြေကြီးကို အကူအညီ​တောင်းမယ် သူလည်းပဲ ပြန်တုံ့မပြန်ဘူး။ ဒါ​ပေမယ့် ဒီအခန်းက ဇာတ်ကားကို ပျက်စီးသွား​စေတဲ့အထိ​တော့ ချာတူးမလန်ပါဘူး!
ဒါပေမဲ့လည်း အခုအ​ခြေအ​နေက တကယ်ပဲ ရုပ်ရှင်ထဲမှာ ဖြစ်​နေမယ်ဆိုရင်,ကြီးမြတ်တဲ့ပုဂ္ဂိုလ်တစ်ပါးက တိမ်​တိုက်​တွေ​ပေါ်ကို တက်သွားပြီး ဘယ်​နေရာက​နေမဆိုထွက်​ပေါ်လာလိမ့်မယ်!

သူက လွှင့်​မြော​နေတဲ့အဖြူ​ရောင် ဝတ်ရုံကိုဝတ်ထားပြီး​ ပြောလိမ့်မယ် "ဒီက သခင်​လေး,မင်းရဲ့ အရိုးတွေက ကြံ့ခိုင်ပြီး​တော့ မင်းမှာ ထူးခြားတဲ့ အလားအလာတစ်မျိုးရှိ​နေတယ် မင်းက အကျွန်ုပ် နှစ်​ပေါင်း ၁၀၀အတွင်း မ​တွေ့ခဲ့ဖူးတဲ့ သိုင်းပညာရှင် အ​ကျော်အ​မော်တစ်​ယောက်ပဲ!ဒီ​နေ့​တော့ ကံကြမ္မာက ကျုပ်တို့နှစ်​ယောက်ကို ဆုံ​စေခဲ့တယ်။အဲ့ဒါ​ကြောင့် နဂါးနိမ့်ဆင်းလက်သီး ၁၈ ချက်ကို သင်​ပေးလိုက်မယ်။ မင်း တက်​မြောက်သွားပြီဆိုရင်​တော့ လောကတစ်ခွင်ကို အောင်နိုင်ပြီး​တော့ ဝူလင်း​လောကမှာ အ​ကျော်အ​မော်တစ်​ယောက် ဖြစ်လာလိမ့်မယ်! ဟား!ဟား!ဟား!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now