[21.1]

3.7K 687 1
                                    

[Unicode]

အနုပညာရှင် ဝိညာဥ်နှင့် သိုင်း​လောကရဲ့မ​ကောင်းဆိုးဝါးဂိုဏ်း ခေါင်း​ဆောင်


မိနစ်တွေ,စက္ကန့်တွေ ကြာလာသည်နှင့်အမျှ ကျုံးလီဖုန်းပိုင်သည် သူရဲ့ အနုပညာဆန်တဲ့အတွေးများက ရေပူစမ်းထဲက ရေတွေလိုမျိုး ထွက်လာသည်ဟု ခံစားမိလာသည်။ ထို့ကြောင့် ချက်ချင်းပင် ipadကို ယူလိုက်ပြီး ကုတင်​ပေါ်တွင် သူ့ခြေထောက်များကို ဆန့်ထိုင်ကာ သူရဲ့ အ​တွေးထင်မြင်ချက်တို့ကို ဖွဲ့နွဲ့ခဲ့သည်။

မှောင်မိုက်​နေတဲ့ညအလယ်မှာ!

ကြယ်​​တွေက!

တလက်လက်​တောက်ပ​ ကွန့်မြူး​နေ!

ငါက တွေးမိ!

ဘဝရဲ့ အ​ခြေခံအကျဆုံး!

ရသတစ်ခုအ​ကြောင်းကို​ပေါ့!

မုချိုး သူ့ဘေးမှာထိုင်နေရင်း နောင်တအကြီးအကျယ်ရနေကာ တကယ်တမ်းတော့ သူက ကျုံးလီဖုန်းပိုင်ကို သန့်ရှင်းသပ်ရပ်တဲ့ ခြံဝင်းကိုခေါ်သွားချင်ခဲ့တာပင်။ အဲ့ဒီနေရာမှာ တံတား​တွေ,ကြာပန်း​တွေ,မိုးမခပင်​တွေနဲ့ လှေငယ်​လေးရှိပြီး အရမ်းကို ကဗျာဆန်တဲ့ ပန်းချီကားတစ်ချပ်လို။

လေထုကလည်း ပို​ကောင်းလာ​စေပြီး​တော့ သူက
"အချိန်ကုန်မြန်ပြီး​တော့ ခဏ​​လေးနဲ့ ပျောက်ကွယ်သွားတယ် (သို့မဟုတ်) ဘဝက တို​တောင်းပြီး​တော့ ကြမ်းတမ်းတာမို့ ခဏ​တော့ ပျော်လိုက်ပါ " အစရှိသည့် စာကြောင်းတွေကိုသုံးပြီး ခံစားချက်တွေ မြင့်တက်လာ​စေပြီး အိပ်ယာခင်း​ပေါ်မှာ နူးညံ့သိမ်​​မွေ့စွာဖြင့် လှဲချလိုက်လို့လည်းရတယ်။

သူ့ရဲ့ စိတ်ကူးစိတ်သန်းက ကောင်းခဲ့ပေမယ့် လက်​တွေ့ဘဝကတော့ နာကျင်စရာ​ကောင်းလွန်းပါတယ်!သူတို့နှစ်​ယောက်လုံး ထိုခြံဝန်းကို ဖြတ်သွားတော့ ကျုံးလီဖုန်းပိုင်က ရပ်​နေပြီး ထွက်ခွာဖို့ ငြင်းဆန်ခဲ့တယ်​လေ!

"...ဒီအိမ်က ဟောင်းနေပြီမို့ ကိုယ်တို့ အဲဒါကိုပြန်ပြင်ဆောက်ဖို့ ပြင်ဆင်နေတုန်းရှိ​သေးတယ်”
မုချိုး သူ့ကိုရှင်းပြလိုက်ကာ "ကြည့်ပါလား ခေါင်မိုးတောင်ပြိုကျနေပြီ"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now