[21.2]

3.3K 695 17
                                    

[Unicode]

အနုပညာရှင် ဝိညာဥ်နှင့် သိုင်း​လောကရဲ့မ​ကောင်းဆိုးဝါးဂိုဏ်း ခေါင်း​ဆောင်

ဆုနို မ​ကျေမနပ်ဖြင့် မျက်လုံးကို ဖွင့်လိုက်​သော်လည်း အိပ်ချင်မူးတူးဖြစ်နေသေးသည်။

အိုးရန်လုံ သူ့ကို ဆွဲထူလိုက်ရင်း " ရူးသွားတဲ့အထိ အိပ်မလို့လား?"

ဆုနို သူ့မျက်လုံးတွေကို ပွတ်လိုက်ရင်းဖြင့် ".....အခု ဘယ်အချိန်ရှိပြီလဲ?"

"၁၂ ထိုး​တော့မယ် ကိုယ် နေ့လည်စာကို မှာထားပြီးပြီ သွားစားပြီးရင် ပြန်ရ​အောင် "

သူက နေ့လည်စာကို​တောင်မှာထားပြီးပြီ​ပေါ့...ဆုနို သူ့အား လူ​​ကောင်းကဒ်ပြားကို ပုံးအပြည့်ဖြင့် ပေးလိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။

တကယ့်ကို အရမ်းအရမ်း ကောင်းတဲ့လူပဲ!

နေ့လည်ခင်းအတွက် သွားစားရမည့်​နေရာကလည်း မုချိုးရဲ့ဗီလာက စား​သောက်ဆိုင်မှာပဲ ဖြစ်သည်။ ဆိုင်​ရောက်​တော့ အိုးရန်လုံက သန့်စင်ခန်းကို အရင်ဝင်လိုက်ပြီး ပြန်အထွက် ဟောခန်းအလယ်​ရောက်​တော့ ဥက္ကဌမုနဲ့ ဝင်တိုက်မိ​တော့သည်။

"မင်း မ​နေ့ညက မအိပ်ဘူးလား?" သူ့ရဲ့ ဆိုးရွားနေတဲ့ မျက်အိတ်​တွေကို ကြည့်ရင်းဖြင့် အိုးရန်လုံ အံ့သြသွားရသည်။

"ငါ့မှာ ၃နာရီတောင် ပြည့်​အောင် မအိပ်ရ​သေးဘူး " မုချိုးကိုကြည့်ရသည်မှာ အားအင်တစ်စက်မှ မရှိ​တော့သည့် ပုံပင်။

" မင်း Xing Nie La Maကို သိလား ?"

"......Ferghanaမြင်းကို​ ပြောတာလား? " အိုးရန်လုံ ခန့်မှန်းလိုက်သည်။

T/N:It’s kind of a word play

"ဒီအတိုင်း ငါလည်း သူ့ကို ပြန်​ဖြေလိုက်တာပဲ " မုချိုး ကျဥ်းထဲကျပ်ထဲ ရောက်​နေသလို ခံစားရသည်။ " သူက အဲ့ဒီအဓိပ္ပါယ်က ရုပ်ရှင်ရိုက်ကူး​ရေးတွေမှာ မြင်ကွင်းကျယ်ကို ရိုက်ရင် သုံးရတဲ့ နည်းလမ်းလို့ ပြောတယ် "

ရုပ်ရှင်ပရိုဂရမ်နည်းလမ်းတစ်ခုဖြစ်ပြီးတော့ ဘာလို့အဲလို စိတ်ကူးယဉ်ဆန်တဲ့နာမည်ကြီးနဲ့လာရတာလဲ?
သာမန်လူတွေက​တော့ ဒီအ​ဖြေကို ဘယ်လိုလုပ်ခန့်မှန်းမိမှာလဲ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now