[22.1]

3.4K 667 15
                                    

[Unicode]

ချာတူးလန်​နေတဲ့ဇာတ်ညွှန်းနှင့် သဝန်တိုနေ​သော ဥက္ကဌ

လှည့်စားတတ်တဲ့​မြေ​ခွေးမိစ္ဆာရဲ့ချစ်ခြင်းမေတ္တာ  ရုပ်ရှင်ကားသည် အ​တော်​လေး ထူးဆန်း၏။

ဆုနို ရုပ်ရှင်ကားနာမည်ကို ကြားလိုက်သည်နှင့်ချက်ချင်းပဲ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။
ကံမ​​ကောင်းစွာပဲ , ကျုံးလီဖုန်းပိုင်က သူ့ကို အလွယ်တကူ အလွတ်မ​ပေး​​ချေ။

ဒီဇာတ်​ကောင်က ယောကျ်ားဆန်ကာ ကြီးကျယ်မြင့်မြတ်ပြီး အထူးသဖြင့် ကြွက်သားတွေဖြင့် တောင့်​တောင့်​​​ဖြောင့်​ဖြောင့် ရှိလှ​ကြောင်း, ပြီး​တော့ ဒီဇာတ်​ကောင်က ဆုနိုအတွက် သီးသန့်ရေးထားတာဖြစ်​ကြောင်း,စကားအရှည်ကြီး​တွေ ပြောပြီး သူ စိတ်ဝင်စားလာ​စေရန် နည်းအမျိုးမျိုးသုံးကာ နေ့တိုင်း သူ့အိမ်အ​ပေါက်ဝမှာ ပေါ်လာ​လေ့ရှိသည်။

နေ့တိုင်းလိုလို အနီ​ရောင် ဝတ်ရုံဖားဖားကြီးကို ဝတ်ပြီး နေရာတိုင်းကို အကြည့်​တွေလွှတ်​​နေရတာကို ယောကျ်ားပီသတယ်လို့ ခေါ်တာလား? မှင်စာ​လေးဆုက ထောက်ပြလိုက်သည်။

ရွမ်ယွမ်ဝူလဲ့ကို ဖော်ပြခဲ့သည့် စကားလုံးအများစုက​တော့ ပိုးချည်ထည်လိုမျိုး ချောမွေ့သည့်အသားအရေ၊ ချယ်ရီပန်းကဲ့သို့လှပသောမျက်နှာ၊ စိမ့်စမ်းရေလိုကြည်လင်တဲ့မျက်ဝန်း နဲ့ ညို့ယူဖမ်းစားနိုင်တဲ့ ဝိညာဥ်​ ပုန်း​အောင်း​​နေနိုင်သည့် မျက်ခုံးများပင် ဖြစ်သည်။ စကားလုံးတိုင်းက  ညို့ယူနိုင်တဲ့ မြေခွေးမိစ္ဆာသဘာဝကို အပြည့်အဝခံစားနေရသည်။ ဘယ်​နေရာမှာများ ယောက်ျားပီသမှုနဲ့ ဆိုင်သွားရတာလဲ?

"အ​ပေါ်ယံ​လေးကိုပဲ မကြည့်ပါနဲ့ အတွင်းထဲထိ ဝင်ကြည့်လိုက်ပါ !" ကျုံးလီဖုန်းပိုင်က လေး​လေးနက်နက်နဲ့ "ရွမ်ယွမ်ဝူလဲ့က တစ်​ယောက်တည်းနဲ့ ဝူလင်းလောကကြီးတစ်ခုလုံးကို ပရမ်းပတာဖြစ်​စေခဲ့ပြီး မြစ်တွေထဲကို သွေးချောင်းစီးစေခဲ့တာ,အဲ့ဒါကို ယောကျာ်းပီသတဲ့တစ်ယောက်လို့ မသတ်မှတ်နိုင်ဘူးလား?!"

အမှန်က​တော့ စွမ်းအားတွေ​နဲ့တိုက်ခိုက်တာ​တွေချည်းပင်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now