[22.2]

3.2K 659 9
                                    

[Unicode]

ချာတူးလန်​နေတဲ့ ဇာတ်ညွှန်းနှင့် သဝန်တို​နေ​​သော ဥက္ကဌ

"မင်း အဆင်​ပြေရဲ့လား?" ဆုနို အ​တော်​လေး​တော့ အရှက်ရသွားရသည်။ "ငါ ဒီလိုကူရှင်အဖြစ် သုံးလိုက်ဖို့ မရည်ရွယ်ပါဘူး "

"မစိုးရိမ်ပါနဲ့ " ဒါရိုက်တာကျုံး ထိုင်ခုံ​ပေါ်မှာထိုင်ရင်း အသက်ကို ခက်ခက်ခဲခဲ ရှူဖို့ ကြိုးစား​နေရသည်။

"သရုပ်​ဆောင်တဲ့ နေရာမှာသာ အ​ကောင်းဆုံးကြိုးစား​ပေး​နေသ​ရွေ့  ငါ့ကို ပြန်​ပေးဆပ်လိုက်တာနဲ့ အတူတူပါပဲ"

ဒီအ​ခြေအ​နေကိုရောက်ပြီဆိုမှ​တော့လည်း
ဆုနို သူ့ရဲ့ ရထားတွဲကြီးကို ဂရုတစိုက်မရင်း အပြင်ကို ထွက်သွားလိုက်တော့သည်။

အိုးရန်လုံ သူ့ကို အဝေးမှမြင်လိုက်ရသည်နှင့် သူ့မျက်လုံးများက ချက်ချင်းကို လက်သွား​တော့သည်။

"မင်းရဲ့ အငမ်းမရဖြစ်​နေတဲ့အကြည့်ကို ပြင်လိုက်စမ်းပါ !" မုချိုး သူ့ကို အထင်အမြင်သေးသည့် အမူအယာဖြင့် ကြည့်လိုက်သည်။

မစ္စတာဒါရိုက်တာက သူ့ကိုအာရုံထဲမထားဘဲ သူ့ဆီကိုသာ လျှောက်သွားလိုက်သည်။
သူ ဘာလို့ မသွား​သေးတာလဲ?ဆုနို စိတ်ရှုပ်သွားရသည်။

အိုးရန်လုံ ရယ်​ချင်နေတာကို ရပ်ဖို့ ကြိုးစားလိုက်ရင်း "ကြည့်လို့ အရမ်း​ကောင်းတယ်"

ခင်ဗျားနှမပဲ ကြည့်​ကောင်း​နေလိုက်!
ဆုနို မျက်ရည်​တွေ​တောင် ကျချင်လာပြီ။ဒါတကယ်ကို ရှက်စရာကောင်းတယ်!

"ငါတို့ စကြမယ်!" ဒါရိုက်တာကျုံးက လေး​လေးနက်နက်အမူအယာဖြင့် ရိုက်ကွင်းကို စတင်လိုက်သည်။

မုချိုး သူ့ဦး​နှောက်ထဲမှာ မချီးကျူးပဲ မ​နေနိုင်​တော့​ပေ။ သူ့ပုံစံ​လေးက တအားကို ဆက်စီကျလွန်းတာပဲ!

ပထမအခန်းက ရွှမ်ယွမ်ဝူလဲ့ကို ဝူလင်း​ခေါင်း​ဆောင်က လိုက်ဖမ်းသည့် အခန်းဖြစ်သည်။

သူ ပြေးလွှားနေရင်းဖြင့် သတိမထားမိဘဲ သစ်သားအိမ်​လေးထဲကို ဝင်မိသွားကာ မြေ​ခွေးမိစ္ဆာနဲ့ ပညာရှိလူငယ်​လေးတို့ရဲ့ ကြောင်အ​သွား​စေမည့် အမှုကိစ္စကို ပြုလုပ်​နေသည်ကို နှောင့်ယှက်မိသွားသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now