[23.1]

3.1K 680 9
                                    

[Unicode]

ချိုသာသည့်စကားလုံး​တွေနှင့် အရူးတစ်​ယောက်

တကယ်လို့ မုချိုးသာဖြစ်​နေရင် ကျုံးလီဖုန်းပိုင်သာ အခြားတစ်​ယောက်နဲ့ AV ရိုက်ကူးမည်ကို သိကြည့်ပါလား။ သူ မတအားကို ဒေါသထွက်ပြီး သူ့ကို အိမ်ပြန်​ခေါ်သွားမှာ သေချာတယ်။ ဒါ့အပြင် သူနဲ့အတူအလုပ်,လုပ်တဲ့ မင်းသားကိုလည်း ရိုက်​တောင် ရိုက်နှက်ပစ်လိုက်လိမ့်မယ်!ဘာလို့ဆို သူက အရမ်း အရမ်းကို ကြမ်းတမ်းပြီး ယဥ်​ကျေးမှု မရှိတဲ့​ကောင်မို့လေ!

မစ္စတာဒါရိုက်တာက ဒီအပြုအမှုပေါ်မှာ အထင်အမြင်​​သေးစွာကြည့်လိုက်မိသည်။ ဘာလို့လဲဆို​တော့ သူ့မှာ နှလုံးသားကို ဖမ်းယူနိုင်မယ့် နည်းလမ်း​တွေ အများကြီးရှိ​နေလို့ပဲ!

သူ အချိုရည်ဘူးကို ညစ်ပစ်လိုက်ပြီး​နောက်မှာ​တော့ စိတ်ငြိမ်စွာဖြင့် ဇာတ်ညွှန်းကို ပြန်ယူလိုက်ပြီး ဆုနိုရဲ့ မျက်နှာကို သုတ်ဖို့ တစ်ရှူးပါ ထုတ်​ပေးလိုက်သည်။

"ဒါရိုက်တာကြီး အဆင်​ပြေရဲ့လား ?"  ဆုနို သူ့ကို မေးလိုက်သည်။

"အဆင်​ပြေပါတယ်" အိုးရန်လုံ၏ပုံမှန် နူးညံ့သည့်ကြင်နာမှုတို့က ပြန်​ရောက်လာသည်။ "ကိုယ်လက်ရဲ့ညစ်အားကို စမ်းသပ်ကြည့်ချင်လို့ပါ "

ဆုနို သနားစရာဘူး​လေးကို ကြည့်လိုက်ကာ သူ အရမ်းကို မနာလိုဖြစ်သွားရသည်။

ဒီလူက သူ့ကို သက်သက်ကြွား​နေတာပဲ!

သူ့ကို မိတ်ကပ်ပညာရှင်က ပြန်ပြင်​ပေး​နေတဲ့အချိန်မှာ အိုးရန်လုံက ထိုင်ခုံကို ဆွဲယူလိုက်ပြီး ကျုံးလီဖုန်းပိုင်ရဲ့ ဘေးနားတွင် ဝင်ထိုင်လိုက်သည်။

"မင်း ဘာလုပ်မလို့လဲ?" မုချိုး မ​ကျေမနပ်ဖြစ်​နေရသည်။ ဒီ သုံးဘီး​ကောင်က တကယ်စိတ်ရှုပ်စရာပဲ!

“ကျွန်​တော် ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီးလို့ ကျွန်တော်ရဲ့အ​တွေး​လေး​တွေကို ဒါရိုက်တာကျုံးနဲ့ နည်းနည်းလေး ဝေမျှ​ပေးချင်လို့ပါ " အိုးရန်လုံက တည်ငြိမ်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now