[23.2]

3K 634 10
                                    

[Unicode]

ချိုသာသည့်စကားလုံး​တွေနှင့် အရူးတစ်​ယောက်


မုချိုး မနာလိုဖြစ်​နေရသော်လည်း တစ်ချက်​တော့ ဝင်ပြောလိုက်သေးသည်။ "ဇာတ်လိုက်မင်းသားတွေက ရုပ်ရှင်တော်​တော်များများမှာ လူဆိုးအဖြစ် ပြောင်းသွားကြတာပဲ,မဆန်းပါဘူး"

အချက်အလက်​တွေကသာ ကြုံရာကျပန်းစကား​တွေကို အနိုင်ရနိုင်တယ် !

"မင်းမှား​နေပြီ " အိုးရန်လုံ ခေါင်းကို ခါယမ်းလိုက်ရင်း " အဓိကဇာတ်လိုက်​တွေက တကယ်​တော့ လူဆိုး​တွေမဟုတ်ပါဘူး။ သူတို့မှာ နောက်​ကြောင်း​တွေ​ကြောင့် ချောင်ပိတ်မိ​နေရပြီး​တော့ လူဆိုးအဖြစ်ကို ပြောင်းသွားရတာ "

"ကျွန်တော်က ဒါရိုက်တာအိုးရန်ကို ဒီ​လောက်နားလည်မယ် ဆိုတာကို​ မ​တွေးမိခဲ့ဘူး" ကျုံးလီဖုန်းပိုင်က သူ့ကို လက်နှစ်ဖက်ဖြင့် လိပ်စာကဒ်​လေး​ ပေးလိုက်ကာ "အချိန်ရမယ်ဆိုရင် လက်ဖက်ရည်​ အတူတူ​သောက်ဖို့ မျှော်လင့်ပါတယ်ဗျာ"

မုချိုး လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး သူ့မျက်လုံးများဖြင့် အိုးရန်လုံကို သတိလှမ်း​ပေး​နေသည်။

သူငယ်ချင်းရဲ့ဇနီးကို!မခိုးယူ!သင့်ဘူးကွ!

"ဒါ​ပေါ့ဗျာ" အိုးရန်လုံက ဥက္ကဋ္ဌမုကို လုံးလုံး လျစ်လျူရှုထားလိုက်ပြီး ယဥ်​ကျေးစွာဖြင့် ကျုံးလီဖုန်းပိုင်နဲ့ လိပ်စာကဒ်တွေ လဲလိုက်သည်။ " ကျွန်​တော်လည်း ဒါရိုက်တာကျုံးကို Gold Lotusဆု ထပ်ရပါ​စေလို့ တကယ် မျှော်လင့်ပါတယ် "

"ပ​လော့​ကောင်း​တွေထွက်လာရင် ကျွန်တော် ထပ်ဆွေး​နွေးချင်ပါတယ်,ကျေးဇူးတင်ပါတယ်"

ကျုံးလီဖုန်းပိုင် မတ်တပ်ရပ်လိုက်ပြီး သာမန်သ​ဘောဖြင့် သူ့ကို လှမ်းဖက်လိုက်​သော်လည်း မုချိုးက အတင်းအကြပ်ကို လိုက်ဖျက်​နေသည့်အတွက် အရှုံးပေးလိုက်ရသည်။

သူ့တို့တွေက!

အလုပ်ရှုပ်တဲ့​သူ​တွေ!

ဒါပေမယ့်စဉ်းစားတွေးခေါ်မှု ကွာဟချက်တွေကို!

ကျော်ဖြတ်ဖို့မဖြစ်နိုင်ပါဘူး!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now