[24.1]

3.1K 574 1
                                    

[Unicode]

က​လေးကလားဂိမ်းနှင့် အတူတူ သွားကြရ​အောင်

ချိုးကျီယန်အား Ren Rui Group မှ ကျင်းပတဲ့ညစာစားပွဲသို့ ဖိတ်ကြားထားသည်ကို မြင်သောအခါ ထန်​ရှောင်းယွီသည် ပြင်ဆင်စရာရှိလျှင် ကုမ္ပဏီကိုတစ်​ခေါက်ပြန်ဝင်ရန်အတွက် ညနေ ၅ နာရီခန့်လောက်တွင် ထွက်ခွာမလားဟု မေးလိုက်သည်။

"ပြင်စရာ ဘာရှိသေးလို့လဲ?" ချိုးကျီယန် မရယ်ဘဲမနေနိုင်တော့ပေ။

".....အဝတ်အစားနဲ့မိတ်ကပ်တွေ​လေ?" ထန်​ရှောင်းယွီက နာမည်ကြီးဆယ်လီ​တွေရဲ့ လူနေမှုပုံစံနှင့်အကျွမ်းတဝင်မရှိသောကြောင့် သူ သိထားသည့်အတွေ့အကြုံထဲမှ တစ်ချို့ကို ခန့်မှန်းပြီး​ပဲ ပြောနိုင်သည်။

"မလိုပါဘူး, ဒါက တခမ်းတနားပွဲကြီးမဟုတ်ဘူး။ ဒါကြောင့် ငါတို့ ဒီအတိုင်းပဲ သွားလို့ရတယ်။ "

ထန်​ရှောင်းယွီက တီဗီကြည့်ရန် ဆိုဖာပေါ်မှာထိုင်လိုက်ပြီး ပေါ့​ပေါ့ပါးပါးမေးလိုက်သည်။

"ညနေစာဘာစားချင်လဲ? အကိုချိုး နေ့လည်တ​ရေးအိပ်တုန်း မိုင်ခယ့်က ပစ္စည်းအချို့ကို လူတစ်​ယောက်နဲ့ ပို့​ပေးလိုက်တယ်"

ထန်​ရှောင်းယွီသည် လက်ဆတ်တဲ့ ပါဝင်ပစ္စည်းအချို့ကို ရေခဲ​သေတ္တာထဲက​နေ ထုတ်လိုက်ပြီး "ဒီမှာ အညွှန်း​တွေပါတယ်,ကျွန်တော် အကိုချိုးအတွက် လုပ်​ပေးမယ် "

"ငါ့ရဲ့ကိုယ်ပိုင် နည်းပြဆရာဆီက အစားအသောက်တွေလား?" သူကြားလိုက်တဲ့အချိန်မှာပဲ သူ့ရဲ့ စားချင်စိတ်​တွေ ပျောက်ကုန်၏။
"မင်းအတွက်က​ရော ဘာချက်မှာလဲ?"

"မနေ့ညက ထမင်းကို ကြော်မလို့" ထန်​ရှောင်းယွီ ပြန်ဖြေလိုက်သည်။

"ငါ မင်းနဲ့ လဲစားမယ်" ချိုးကျီယန်က သံမဏိကဲ့သို့ခိုင်ခိုင်မာမာ ဖြင့်ပြောလိုက်သည်။ အထာကျကျနဲ့ ရဲရဲရင့်ရင့်ပဲ!

"ကောင်းပြီလေ,ဒါပေမယ့် မိုင်ခယ့်ကိုတော့ မပြောနဲ့နော်" ထန်​ရှောင်းယွီ ထမင်းကြမ်းတစ်ပန်းကန်ကို ယူလိုက်ပြီး "သူအော်လိုက်ရင် အရမ်းကြောက်စရာကောင်းတယ်"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now