[24.2]

2.7K 560 7
                                    

[Unicode]

က​လေးကလားဂိမ်းနှင့် အတူတူ သွားကြရ​အောင်


ဒါ​ပေမယ့် ချိုးကျီယန်က စိတ်ထဲမထားဘဲ သူစားပြီးတာနဲ့ ဗီရိုထဲက ဝတ်စုံသစ်တစ်စုံကို ထုတ်လိုက်သည်။

သူ ကြိုတင်ကြံစည်ထားတာလား?
ထန်​ရှောင်းယွီသည် သူ့ကို ကြောင်အစွာ ကြည့်​နေလိုက်ရသည်။

"အရင်ကတည်းက မိုင်ခယ့်ကို မှာထားတာ,မင်းအတွက် တစ်စုံကို အော်ဒါမှာခိုင်းထားပြီးသား​လေ တစ်ချို့ပွဲ​တွေမှာ မင်းလည်း ပွဲ​တက်ဖို့လိုတယ်​လေ သတင်း​ထောက်​တွေ​ရှေ့မှာ တီရှပ်နဲ့ ဂျင်း​ဘောင်းဘီပဲ ဝတ်ပြီး နေမှာ​ကို ငါတို့ လက်မခံနိုင်ဘူး "

"......ကျွန်တော် တကယ်သွားရမှာလား?" ထန်​ရှောင်းယွီ ထွက်ပြေးချင်​နေ​သေးသည်။ ညစာစားပွဲတစ်ခုကို သွားမယ့်အစား အိမ်မှာ​နေပြီး စာအုပ်ဖတ်လိုက် တီဗီကြည့်လိုက် လုပ်တာကိုသာ ပိုလုပ်ချင်သည်။

"ဒါဆိုရင် စက္ကူကတ်ကြေး ကစားလိုက်ရင်​ ဘယ်လိုလဲ?" ချိုးကျီယန် ပြောလိုက်သည်။

ထန်​ရှောင်းယွီ ရယ်ရမလားငိုရမလားမသိ။
ဒီကလေးဆန်တဲ့အပြုအမူက,ဘာလဲ?

"အဲဒါက မင်းလွတ်မြောက်နိုင်ဖို့ တစ်ခုတည်းသောအခွင့်အရေး​နော် "

"ဒါဆို တစ်ခါစမ်းကြည့်မယ်" ထန်​ရှောင်းယွီ ပြန်ဖြေလိုက်သည်။

"ကိစ္စမရှိပါဘူး" ချိုးကျီယန်ရဲ့ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး " ဒါဆို ငါကတ်ကြေး လုပ်လိုက်မယ်"

".........."

ထန်​ရှောင်းယွီ သူနှင့်မျက်လုံးချင်းဆုံလိုက်ကာ သူရဲ့မျက်လုံးများက ညစ်​တော့မည်ကို ဖော်ပြနေသည်။

ဒီလိုမျိုးအရင်စပြောတာက တော်တော်မတရားတာပဲ သူယုံသည်ဖြစ်စေ,မယုံသည်ဖြစ်စေ စိတ်ရှုပ်ထွေးသွားရတာ​ပေါ့!

"ငါ ၁-၂-၃ ဆိုတာနဲ့ စမယ်" ချိုးကျီယန် သူရဲ့တံတောင်ဆစ်ကိုမြင့်လိုက်ကာ" တစ်၊ နှစ်၊ သုံး"

ထန်​ရှောင်းယွီ ကျောက်တုံး ဖြစ်သွားပြီး မစ္စတာချိုးက တကယ်ကြီး ကတ်​ကြေးလုပ်လိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now