[25.1]

2.7K 554 9
                                    

[Unicode]

သဝန်တို​နေတဲ့ Wulongနှင့် Shuang Ma ဝတ္ထုများ

"ကျွန်တော် မစား​တော့ပါဘူး" ထန်​ရှောင်းယွီ နည်းနည်းတော့ နေရထိုင်ရခက်​နေ၏။

"ဘာမှလုပ်စရာမရှိရင် လေကောင်းလေသန့်ရအောင်အပြင်ကိုသွားရအောင်လေ " တစ်ဖက်လူက အဆင်မပြေသည်ကိုမြင်တော့ ချိုးကျီယန် သူနှင့်အတူ လသာ​ဆောင်ဆီကို ခေါ်လာခဲ့သည်။

"......... " ဆုနို အထဲကို ဝင်လာချင်းမှာပင် ထန်​ရှောင်းယွီရဲ့ နောက်​ကျောကို မြင်လိုက်ရပြီး ရင်းနှီးတဲ့ခံစားချက်ကို ရလိုက်သည်။

"မင်းဘာကြည့်နေတာလဲ?" အိုးရန်လုံ သူ့ကိုဝိုင်တစ်ခွက်ပေးလိုက်ပြီး သူ ကြည့်နေသည့်​နေရာကို
ကြည့်လိုက်ရာ ထိုအချိန်မှာပဲ လသာ​ဆောင်တံခါးကို ပိတ်လိုက်သည့် ချိုးကျီယန်ကို တွေ့လိုက်ရသည်

ဒါရိုက်တာရဲ့ စိတ်အ​ခြေအ​နေက ချက်ချင်းပင်မှေးမှိန်သွားတော့တယ်! အချဉ်အရသာလေး​တောင် ရလိုက်သလိုပဲ!

ဒါ​ပေမယ့်လည်း သူ့ရဲ့ ဒီပုံစံကို ပြခွင့်မပြုပါဘူး ! ဘာလို့လဲဆိုတော့ သူ ဝမ်းထဲမှာ သို​လှောင်ထားနိုင်တဲ့ gong တစ်​ယောက်မို့လို့ပဲ! သူရဲ့ ကိုယ်ပိုင်တံဆိပ်တွေကိုဖျက်စီးပစ်လိုက်ဖို့ မဖြစ်နိုင်ဘူး!

သို့သော်လည်း ဆုနို​လေးက အပြစ်ကင်းပါတယ် သူက ထန်​ရှောင်းယွီကိုပဲ ကြည့်​နေခဲ့တာ ဖြစ်ပြီး တစ်ဖက်လူရဲ့မျက်နှာအ​ရှေ့ဘက်ကို မြင်လို​နေခြင်းဖြစ်သည်

' သူ့ကို တစ်​နေရာမှာ မြင်ဖူးသလိုပဲ!

အဖြစ်အပျက်တွေကိုမှတ်မိနိုင်စွမ်းမရှိတာက နေရာအတည်တကျမရှိတဲ့ ယားယံမှုလိုမျိုးပဲ:စိတ်တိုစရာ​ကောင်းတယ်!

သူ့ရဲ့ ဦး​နှောက်ကို ငါးမိနစ်ကြာ အပြင်းအထန်အလုပ်​ပေးလိုက်သည်အထိ ဆုနို ထိုသူ့ကို မမှတ်မိ​ပေ။ ပိုပြီး​တောင် ပင်ပန်းလာရ၏။

သူ ဒီကောင်လေးကိုသိတယ်ဆိုတာ ရှင်းရှင်းလင်းလင်းခံစားနေရပေမယ့် အကြောင်းပြချက်တစ်ချို့ကြောင့် သူ့လက်ချောင်းလေးတွေထဲက အမြဲလိုလိုလျှောထွက်သွားတဲ့ မှတ်ညဏ်တွေကိုမဖမ်းနိုင်ခဲ့ဘူး။ဒါ လုံးဝကို အနှိပ်စက်ခံ​နေရသလိုပဲ!
ဒါ​ပေမယ့် သူ့တို့နှစ်​ယောက်ရဲ့ ရင်းနှီးနေပုံကို ကြည့်ရတာ​တော့ သူတို့ကုမ္ပဏီက အသစ်​လေးများလား? ချိုးကျီယန်ရဲ့ သက်​တော်​စောင့်တော့ မဟုတ်​လောက်ပါဘူး​နော်?
သူ သဲလွန်စတစ်ခု​လောက်ပဲ ထပ်လို​နေတာပါ,ဟုတ်ပြီလား! သူ အများကြီးမလိုပါဘူး!
ဒါပေမယ့် သူ့ကိုသူ ရိုက်လိုက်ရင်လည်း ဘာမှ​ကောင်းတာ​တွေ ဖြစ်လာမှာ မဟုတ်​ဘူး!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now